အရေးယူဒဏ်ခတ်မှုများကို မကြောက်ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် ပြော

ပိတ်ဆို့အရေးယူဒဏ်ခတ်တာတွေကို မကြောက်ဘူးလို့  ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ်  ကယ်ရီလမ်က ဇွန် ၃၀ ရက်မှာ ပြောလိုက်ပါတယ်။ ဇွန် ၂၉ ရက်မှာ အမေရိကန်ဟာ ဟောင်ကောင်ကို ပေးထားတဲ့ အထူးအဆင့်အတန်းကို စဖယ်ရှားပြီး ကာကွယ်ရေးပစ္စည်းတင်ပို့တာတွေကို ခေတ္တရပ်တန့်ပစ်သလို အဆင့်မြင့်နည်းပညာ ထုတ်ကုန်တွေမှာ ဟောင်ကောင်ရဲ့ ဈေးကွက်ဝင်ရောက်မှုကို ကန့်သတ်လိုက်တာနဲ့ ပတ်သက်ပြီး ဟောင်ကောင် အာဏာပိုင်တွေဘက်က တုန့်ပြန်ပြောကြားလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့  ကယ်ရီလမ်က “အရေးယူဒဏ်ခတ်တာတွေကို မကြောက်သလို  အဲဒီအတွက် စိတ်ဓာတ်ရေးရာပိုင်း ပြင်ဆင်ထားတယ်။ နိုင်ငံခြားရေးဝါဒနဲပတ်သက်လို့ ဗဟိုအစိုးရ ဆောင်ရွက်ချက် မှန်သမျှကို ဟောင်ကောင်အစိုးရက အပြည့်အ၀ လိုက်နာမယ်”လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဟောင်ကောင်ရဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ်ကြောင့် တရုတ်အစိုးရနဲ့ အမေရိကန်၊ ဗြိတိန်အပါအဝင် တခြားအနောက်နိုင်ငံအစိုးရတွေအကြား ထိပ်တိုက်တွေ့မှုဖြစ်နေတာပါ။ အမျိုးသားလုံခြုံရေးဥပဒေသစ်ဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ယိုယွင်းစေတယ်လို့လည်း အနောက်နိုင်ငံတွေက ဝေဖန်ပြောဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up