Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ ၄ နှစ်အတွင်း သိမ်းဆည်းမြေဧက ၁၁၀၀၀ ကျော် ပြန်ပေးခဲ့ဟု ဝန်ကြီးချုပ်ပြော
DVB
·
June 30, 2020
အစိုးရသစ်လက်ထက် ၄ နှစ်တာကာလအတွင်း ဧရာဝတီတိုင်းမှာ သိမ်းဆည်းခံ မြေ ဧက ၁၁၀၀၀ ကျော် ပြန်လည်စွန့်လွှတ်ပေးအပ်ခဲ့တယ်လို့ တိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောပါတယ်။ သိမ်းဆည်းခံမြေ ၁၁၉၅၆ ဒသမ ၈၀၉ ဧကကို မြောင်းမြမြို့မှာ ဇွန်လ ၂၉ ရက်နေ့ကပြုလုပ်တဲ့ စွန့်လွှတ်မြေများ မူလပိုင်ရှင်များလက်ဝယ်ကို ပြန်လည်ပေးအပ်တဲ့ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားခဲ့တာပါ။ မြို့နယ်ပေါင်း ၁၉ မြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စုရှိ တောင်သူပေါင်း ၂၀၅၃ ဦး၊ ဧရိယာ ၁၁၉၅၆ ဒသမ ၈၀၉ ဧကကို လုပ်ပိုင်ခွင့်ပြုလက်မှတ်များ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ စွန့်လွှတ်မြေမူလပိုင်ရှင်တွေ တက်ရောက်ခဲ့ပြီး သိမ်းဆည်းခံလယ်မြေ ၃၆ ဒသမ ၇ ဧက အား မူလပိုင်ရှင်လက်ထဲ ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ မစွန့်လွှတ်ရသေးတဲ့ သိမ်းဆည်းခံမြေတွေကိုလည်း ကော်မတီအသီးသီးက အမြန်ဆုံးစိစစ်ကာ မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်နေပြီး လျော်ကြေး/နစ်နာကြေးပေးလျော်ရမယ့် ကိစ္စရပ်တွေကိုလည်း ဗဟိုကော်မတီက ချမှတ်ထားတဲ့ မူဝါဒလုပ်ငန်းစဉ်တွေနဲ့အညီ အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ သတင်း-မင်းထက်မုန်း (ပုသိမ်) ၊ ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024