ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်မည်ဟု မန်ယူနည်းပြ သုံးသပ်

ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် ပြိုင်ဆိုင်မှုပြင်းထန်နေဦးမယ်လို့ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။  ပွဲစဉ် ၃၁ အပြီးမှာ လက်စတာနဲ့ ချဲလ်ဆီးအသင်းတွေက အဆင့် ၃ နဲ့ ၄ နေရာတွေမှာ ရပ်တည်နေပါတယ်။ အဆင့် ၅ နေရာက ဝုဗ်ဗာဟမ်တန်အသင်းက တစ်ပွဲပိုကစားပြီး ရမှတ် ၅၂ မှတ်ရရှိထားကာ ချဲလ်ဆီးနဲ့ ၂ မှတ်၊ လက်စတာနဲ့  ၃ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။  အဆင့် ၆ နေရာက မန်ယူအသင်းက ၄၉ မှတ်ရရှိထားပြီး အဆင့် ၃ နေရာက လက်စတာနဲ့ ၆ မှတ်၊ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၅ မှတ် အသီးသီးကွာဟနေတာ ဖြစ်ပါတယ်။  မန်ယူအသင်းရဲ့ အောက်မှာ စပါး၊ ရှက်ဖီးယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေကလည်း ဆက်လက်ဖိအားပေးနေဆဲ ဖြစ်ပါတယ်။  လက်ရှိ အမှတ်ကွာဟချက်အခြေအနေအရ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့် ၃ နဲ့ ၄ နေရာတွေအတွက် ရှက်ဖီး၊ အာဆင်နယ်အသင်းတွေကပါ စိန်ခေါ်လာနိုင်လို့ ပြိုင်ပွဲဆိုင်မှု ပြင်းထန်လာလိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက သုံးသပ်ခဲ့ပါတယ်။  မန်ယူအသင်းဟာ ဇူလိုင် ၁ ရက်မနက်ပိုင်းမှာ ဘရိုက်တန်အသင်းနဲ့ အဝေးကွင်း သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနိုင်ရဖို့ လိုအပ်မှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up