Live
Home
မြန်မာသတင်း
ဘိုကလေးမြို့နယ်တွင် အသက် ၉ နှစ်အရွယ်သမီးငယ် မိကျောင်းဆွဲခံရ
DVB
·
June 30, 2020
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဂရမ်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှာ ဇွန်လ ၂၉ ရက် မနက်အစောပိုင်းက အသက် ၉ နှစ်အရွယ် သမီးလေးကလေး တစ်ဦး မိကျောင်းဆွဲခံရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အသက် ၉ နှစ်အရွယ်ရှိ မယမင်းမှာ အဘွားဖြစ်သူနဲ့ နေအိမ်နဲ့ ၉ ပေခန့်အကွာ ရေမြောင်း အတွင်း ရေချိုးနေစဉ် အလျား ၁၀ တောင်ခန့်ရှိ မိကျောင်းက ကလေးမလေးကို ကိုက်ဆွဲယူသွားတာလို့ သိရပါတယ်။ မိကျောင်းအဆွဲခံရနေချိန်မှာ အဖွားဖြစ်သူက ကလေးအားဆွဲပြီး အော်ဟစ်အကူညီတောင်းခံခဲ့ရာမှ မယမင်းရဲ့ အဖေနဲ့ အဘိုးတို့ လာရောက်ကူဆွဲခဲ့တာကြောင့် မိကျောင်းဆွဲခံရမှုမှ ကလေးငယ် လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ မိချောင်းဆွဲခံရတာကြောင့် ကလေးမှာ ဘယ်လက်ဖျံရိုးကျိုး ပြတ်ရှဒဏ်ရာတွေ ရရှိပြီး ဘိုကလေးဆေးရုံမှာ တက်ရောက်ဆေးကုသခံနေရပါတယ်။ ဘိုကလေးမြို့နယ်အတွင်းရှိ မိုးရာသီရောက်လာရင် မိကျောင်းအကိုက်ခံရမှုတွေ၊ မိကျောင်းအဆွဲခံရမှုဖြစ်စဉ်တွေရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၈ ရက် ညနေပိုင်းကလည်း ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာမှာ အမျိုးသား တစ်ဦး  မိကျောင်းဆွဲခံရလို့ ဒဏ်ရာရသွားပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း ဘိုကလေးမြို့နယ်အတွင်းမှာတော့ မိကျောင်းဆွဲခံရမှုဟာ ပထမဦးဆုံးဖြစ်တယ်လို့ ဘိုကလေးမြို့နယ် ဒေသခံတွေက ပြောပါတယ်။ သတင်း-ကျော်စိုးမိုး 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024