ဂျက်စပဲရိုး မပါတော့သည့် Pirates of the Caribbean ရုပ်ရှင်တွင် မင်းသမီး မားဂေါ့ထ် ရော်ဘီ ပါဝင်မည်

ဒစ္စနေးက ထပ်မံရိုက်ကူးမယ့် နာမည်ကြီး ပင်လယ်ဓားပြရုပ်ရှင်ကားသစ် Pirates of the Caribbean မှာ ဩစတြေးလျသရုပ်ဆောင်မင်းသမီး မားဂေါ့ထ်ရော်ဘီက အဓိက ဇာတ်ကောင်နေရာက ပါဝင်သွားမယ်လို့ သိရပါတယ်။ Pirates of the Caribbean လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက ကပ္ပတိန် ဂျက်စပဲရိုးကို ပြေးမြင်မိကြမှာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က ပထမဆုံးထွက်ရှိခဲ့တဲ့ The Curse of the Black Pearl ရုပ်ရှင်ေစလို့ ၂၀၀၆ ခုနှစ်ထွက် Dead Man's Chest ၊ ၂၀၀၇ ခုနှစ်ထွက် At World's End     May ၊ ၂၀၁၁ ခုနှစ်ထွက် On Stranger Tides ၊ ၂၀၁၇ ခုနှစ်ထွက် Dead Men Tell No Tales ရုပ်ရှင်ကားတွေထိ ဇာတ်ကား ၅ ကားစလုံးမှာတော့ ဟောလိဝုဒ်စတား မင်းသားကြီး ဂျွန်နီ ဒက်ပ်က ကပ္ပတိန် ဂျက်စပဲရိုး အနေနဲ့ ပါဝင်ခဲ့ပြီး သူရဲ့ ဇာတ်ကောင်နဲ့ ခွဲမရတဲ့ ရုပ်ရှင်အနေနဲ့ရော ရုံတင်ဝင်ငွေစံချိန်တင်ထားခဲ့တဲ့ ရုပ်ရှင်ကားတွေအနေနဲ့ပါ ထင်ရှားခဲ့ပါတယ်။ လက်ရှိမှာတော့ ကပ္ပတိန် ဂျက်စပဲရိုးနေရာမှာ မင်းသား ဂျွန်နီဒက်ပ် သရုပ်ဆောင်ရမယ့် အချိန် ကုန်လွန်ခဲ့ပြီ ဖြစ်တာကြောင့် စတူဒီယိုအနေနဲ့ နောက်ထပ် ရိုက်ကူးမယ့် ရုပ်ရှင်စီးရီးတွေရဲ့ အနာဂတ်ကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ ခုလိုရိုက်ကူးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိ ရိုက်ကူးဖို့ စီစဉ်နေတဲ့ ဒီရုပ်ရှင်ကားသစ်မှာတော့ Birds of Prey ရုပ်ရှင်ထဲမှာ ဟာလေကွင်းဇာတ်ကောင်နဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီး မား ဂေါ့ထ်ရော်ဘီက ပါဝင်လာမှာဖြစ်ပြီး အဲဒီကားရဲ့ ဇာတ်ညွှန်းပိုင်းကို တာဝန်ယူခဲ့တဲ့ ခရစ္စ တီနာဟော့ဆန်ကပဲ ဇာတ်ညွှန်းရေးမှာ ဖြစ်ပါတယ်။ မတူညီသောဇာတ်ကောင်အမျိုးမျိုးပါဝင်မယ့် Pirates of the Caribbean ရုပ်ရှင်ကားသစ် ရိုက်ကူးဖို့အတွက် လတ်တလောမှာတော့ ပြင်ဆင်နေတုန်းပဲ ရှိသေးပြီး အသေး စိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ အသက် ၂၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မားဂေါ့ထ်ရော်ဘီဟာ ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့ပြီး သရုပ်ဆောင်အနုပညာကြေး အမြင့်ဆုံးရရှိတဲ့ သရုပ်ဆောင်မင်းသမီးတလက်လည်း ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက သရုပ်ဆောင်အနုပညာအလုပ်တွေ လုပ်ဆောင်နေခဲ့တဲ့ မားဂေါ့ထ်ရော်ဘီဟာ ပြောင်မြောက်တဲ့ ဇာတ်ကောင်စရိုက်ဖော် ရုပ်ရှင်ကားတွေနဲ့ ထင် ရှားသူတယောက်ဖြစ်ပါတယ်။ ရေခဲစကိတ်စီးအားကစားမယ် Tonya Harding အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ I, Tonya ရုပ်ရှင်ကတော့ သူ့ကို ပိုမိုလူသိများလာစေခဲ့သလို နောက်ပိုင်းမှာ သမိုင်းဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ Mary Queen of Scots ထဲက အယ်လိဇဘက်သ်ဘုရင်မကြီး ဇာတ်ကောင်ကလည်း ထူးခြားရုပ်လုံးကြွတဲ့ ဇာတ်ကောင်အနေနဲ့ ဝေဖန်ရေးဆရာတွေက ချီးကျူးခဲ့ကြပါတယ်။ မနှစ်ကတော့ အော်စကာဆုရရုပ်ရှင်တွေဖြစ်တဲ့ Once Upon a Time in Hollywood ရုပ်ရှင်ထဲမှာတော့ သရုပ်ဆောင်မင်းသမီး ရှာရွန်တိတ်အနေနဲ့ ပါဝင်ခဲ့သလို ဖောက်စ်သတင်းဌာန လိင်အရှုပ်တော်ပုံဇာတ်လမ်း Bombshell ရုပ်ရှင်ထဲမှာလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up