မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ လူနာပေါင်း ၂၉၉ ဦးအထိရှိလာ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ ၅၈၅ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးဌာနက ဒီနေ့မနက် ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။  မနေ့ညကတော့  ဓာတ်ခွဲနမူနာ ၁,၇၆၇ ခုအား စစ်ဆေးခဲ့ရာမှာ  အိန္ဒိယနိုင်ငံက ပြန်လာတဲ့ တပ်မတော်သား သင်တန်းသား ၃  ဦး မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။  ဇွန်လ ၂၉ ရက် မနက် ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၉၉ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါပိုးကင်းစင်လာသူ  ၂၁၈ ဦးနဲ့ ဒီအထဲက   ၂၀၆ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up