DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story ကျန်းမာရေး ဝူဟန် ကိုရိုနာဗိုင်းရပ်စ် သတင်း

အိန္ဒိယပြန် တပ်မတော်သား ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါ ထပ်တွေ့  

  • By DVB
  • 28 June 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

အိန္ဒိယကနေ သင်တန်းတက်ရောက်ပြီး တပ်မတော်လေယာဉ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ အရာရှိ၊ စစ်သည်တွေထဲက စစ်သည် ၃ ဦးမှာ   ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိတယ်လို့ တပ်မတော်က ဇွန်လ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 

အိန္ဒိယနိုင်ငံကနေ ဇွန်လ ၂၆ ရက်က တပ်မတော်လေယာဉ်နဲ့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေမှာ အသွားအလာကန့်သတ် သီးခြားစောင့်ကြည့်ထားတဲ့ အရာရှိ၊ စစ်သည် ၄၈ ဦးထဲက  ၂ ဦး ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိကြောင်း မနေ့က ထုတ်ပြန်ခဲ့ပြီး အခု  လူနာသစ်  ၃ ဦး ထပ်မံတွေ့ရှိတာပါ။ 

အဆိုပါလေယာဉ်နဲ့ ပြန်လာသူတွေအထဲက စစ်သည် ၅ ဦး ရောဂါပိုးတွေ့ရှိထားပြီး ဒီနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ အိန္ဒိယပြန် တပ်မတော်သား စုစုပေါင်း ၁၀ ဦး ရှိပြီဖြစ်ပါတယ်။

ရောဂါပိုးတွေ့ရှိတဲ့ စစ်သည်တွေကို တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး (မင်္ဂလာဒုံ)ကို ပို့ဆောင်ကုသပေးနေပြီး  သူတို့အားလုံးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်တယ်လို့ သိရပါတယ်။

အဆိုပါ ကိုဗစ်-၁၉ လူနာသစ် ၃ ဦးထပ်တွေ့တာနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ဒီကနေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၅၆၂ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၇၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၂၈၀ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၆၇ ခု စုစုပေါင်း ၁,၁၈၂ ခုကို ဒီကနေ့ ညနေမှာ စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် ၃ ဦးတွေ့ရှိတာပါ။

ဇွန်လ ၂၈ ရက် ည ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၉၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  ၂၁၈ ဦးနဲ့ ဒီအထဲက   ၂၀၆ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

Tags: Covid-19ကိုဗစ်-၁၉တပ်မတော်သား ၃ ဦးအိန္ဒိယ

  • Previous story ကိုဗစ်-၁၉ တိုက်ဖျက်ရေးကြောင့် မူးယစ်နှင့်ကုန်ကူးမှုများအပေါ် သက်ရောက်ဟု UNODC ထုတ်ပြန်
  • Next story နယ်မြေရှင်းလင်းရေး သတိပေးစာကြောင့် ကျောက်တန်းတိုက်နယ်မှ လူဦးရေ ထောင်ချီထွက်ပြေး
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 02 ယာဉ်တိုက်မှုဖြင့် ဒီးမေ့ာဆိုရဲစခန်းတွင် ချုပ်ထားသူ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့
    • 03 KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
    • 04 ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးပေါင်း ၁၂၀၀ ကျော် ယာယီပိတ်ထားရ
    • 05 မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.