Home
မြန်မာသတင်း
မောင်တောဆေးရုံက ကိုဗစ်-၁၉ လူနာ ၃ ဦး တတိယအကြိမ် ပိုးမတွေ့၍ ဆေးရုံဆင်းခွင့်ရ
DVB
·
June 28, 2020
ရခိုင်ပြည်နယ်၊ မောင်တောပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ လူနာအမှတ် ၂၃၄၊ ၂၄၄ ၊ ၂၄၇ တို့ရဲ့ ဓာတ်ခွဲစစ်ဆေးချက်တွေမှာ နှစ်ကြိမ်ဆက် ရောဂါပိုးမတွေ့တဲ့အတွက် ဒီနေ့မနက်ပိုင်း ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက DVB ကို ပြောပါတယ်။  “ဟုတ်ပါတယ်။ သူတို့ ၃ ဦးလုံးရဲ့ တတိယအကြိမ် ဓာတ်ခွဲစစ်ဆေးချက်က အားလုံး Negative ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မနက်ပိုင်းမှာ ဆေးရုံဆင်းခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ လှဖိုးခေါင်စခန်းမှာ တပတ်တိတိ Quarantine ထားရှိရဦးမယ်။ ဘာရောဂါလက္ခဏာမှ မပြရင် အိမ်ပြန်ခွင့်ရမှာ ဖြစ်တယ်။”  မောင်တောမြို့က လူနာအမှတ် ၂၃၄ နဲ့ ထိတွေခဲ့သူ ၃၅ ဦးကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုးမတွေ့တဲ့အတွက် သူတို့ကို Facility Quarantine ထားရှိတဲ့ လှဖိုးခေါင်စခန်းကနေ ဇွန် ၂၇ ရက်နေ့က အိမ်ပြန်ခွင့်ပြုလိုက်ပါတယ်။ လူနာအမှတ် ၂၄၄ နဲ့ ထိတွေခဲ့သူ ၃၉ ဦးမှာလည်း ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုးမတွေ့အတွက် သူတို့အားလုံးကို လှဖိုးခေါင်စခန်းကနေ မနက်ဖြန် နေအိမ်ပြန်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ လူနာအမှတ် ၂၄၇ နဲ့ ထိတွေခဲ့သူ ၉ ဦးကတော့ ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးဖို့ ကျန်နေသေးတဲ့အတွက် နှာခေါင်းနဲ့အာခေါင်တို့ပတ်တွေကို လှဖိုးခေါင်စခန်းမှာ ဒီနေ့ သွားရောက်ယူမယ်လို့ ခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။ ရခိုင်ပြည်နယ်မှာ လက်ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှာ ၄ ဦး၊ သံတွဲမှာ ၁ ဦးနဲ့ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမြို့မှာ ၁ ဦး၊ စုစုပေါင်း ၁၁ ဦးရှိရာ သံတွဲနဲ့ တောင်ကုတ်မြို့က လူနာတွေမှာ နှစ်ကြိမ်စစ်ဆေးပြီး ရောဂါပိုး မတွေ့ရတော့တာကြောင့် ဆေးရုံဆင်းခွင့်ရသွားပြီး မောင်တောဆေးရုံက ၃ ဦး ဒီနေ့ ဆေးရုံဆင်းခွင့် ရရှိတာ ဖြစ်ပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024