ကမ္ဘာတဝန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ သန်းကျော်ရှိလာ၊ ၅ သိန်းကျော် သေဆုံး

ကမ္ဘာတဝန်းမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ သန်းကျော်၊ သေဆုံးသူ ၅ သိန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၅ ဒသမ ၄ သန်းကျော်ရှိပြီလို့ သိရပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် အတည်ပြုလူနာနဲ့ သေဆုံးသူ ကမ္ဘာမှာ အများဆုံးဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့မနက်အထိ အတည်ပြုလူနာ ၂ ဒသမ ၆ သန်းလောက်နဲ့ သေဆုံးသူက ၁၂၈,၀၀၀ ကျော်ပြီလို့ worldometers ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဖလော်ရီဒါပြည်နယ်မှာဆို နေ့စဉ်အတည်ပြုလူနာ ၉၅၀၀ ကျော်နှုန်းနဲ့ နီဗားဒါးပြည်နယ်မှာ နေ့စဉ်အတည်ပြု လူနာ တထောင်ကျော်နှုန်းလောက် တွေ့ရှိတယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။  ဇွန်လ ၂၇ ရက်နေ့က အရီဇိုးနားပြည်နယ်မှာ လူနာ ၃၅၀၀ ကျော်နဲ့ ကယ်လီဖိုးနီးယားမှာ တရက်တည်း လူနာ ၅၉၀၀  ကျော် တွေ့ခဲ့ပါတယ်။  အခုဆို အမေရိကန်နိုင်ငံတွင်း ပြည်နယ် ၃၁ ခု  လောက်မှာ ကိုဗစ်နိုင်တင်း ကူးစက်မှုပြန်မြင့်တက်နေပြီး ပြည်နယ် ၁၁ ခုကတော့ စီးပွားရေးပြန်ဖွင့်ဖို့ ပြင်ထား တာတွေကို ပြန်ပိတ် နေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  ဘရာဇီးနိုင်ငံကတော့ ကမ္ဘာမှာ ကူးစက်နှုန်း ဒုတိယအများဆုံးဖြစ်ပြီး ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ သန်း ၃ သိန်းကျော်နဲ့ သေဆုံးသူ ၅၇၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ ရုရှားနိုင်ငံကတော့ ကမ္ဘာမှာ ကူးစက်နှုန်း တတိယအများဆုံးဖြစ်ပြီး ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၂,၀၀၀၀ ကျော်နဲ့ သေဆုံးသူ ၈၉၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up