ရသေ့တောင်မြို့မရဲစခန်းတွင် အချုပ်သား ၃ ဦး အချုပ်ခန်းဖောက် ထွက်ပြေး
DVB
·
June 28, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိမြို့မရဲစခန်း အချုပ်ခန်းကနေ အချုပ်သား ၃ ဦး ဇွန်လ ၂၇ ရက်နေ့ မနက်အစောပိုင်း ၄ နာရီကျော်လောက်က အချုပ်ခန်းဖောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရသေ့တောင်မြို့နယ်နပ်ချုပ်ရေးမှူး ဦးအောင်မြင့်က “ဖြစ်စဉ်က မှန်ပါတယ်။ အချုပ်ခန်း ဖောက်ထွင်းခံရပြီး အချုပ်သား ၃ ဦး ထွက်ပြေးလွတ်မြောက်နေတယ်။ ရဲကတော့ ပြန်လည်ဖမ်းဆီးရမိဖို့ ကြိုးစားနေကြတယ်။”
ထွက်ပြေးသွားတဲ့ အချုပ်သား ၃ ဦးမှာ ချင်းပြည်နယ်-မတူပီမြို့နယ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရသူ ၁ ဦးနဲ့ ရသေ့တောင်မြို့နယ်က ဖုန်းခိုးမှုနဲ့ အချုပ်ကျနေသူ ၂ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားလွှန်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “အချုပ်သားများထဲမှ ၇ ဦးလောက် ထွက်ပြေးသွားနိုင်တယ်။ တချို့က ၃ ဦးလို့ ပြောကြတယ်။ တချို့က ၇ ဦးလောက် ရှိတယ်လို့ ပြောတယ်။ အတိအကျကတော့ ရဲစခန်းပဲ သိမှာပါ” လို့ ပြောပါတယ်။
ရသေ့တောင်မြို့နယ်ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
လင်းလက်