နေစောင့်ကြည့်ရေးယာဉ်မှ ၁၀ နှစ်ကျော်ကြာ ရိုက်ကူးထားသည့်ဗွီဒီယို နာဆာ ထုတ်လွှင့်

1.2K
နာဆာက လွှတ်တင်ထားတဲ့ နေစောင့်ကြည့်ရေးယာဉ်ဟာ ရုပ်ထွက်အား ၄၂၅ သန်း မြင့်မားတဲ့ပုံရိပ်တွေနဲ့ နေကို ၀ ဒသမ ၇၅ စက္ကန့်တိုင်း တစ်ကြိမ် ၁၀ နှစ်ကျော် ရိုက်ကူးခဲ့ပါတယ်။
၁၀ နှစ်ကျော်ကြာ ရိုက်ကူးထားတဲ့ ဗွီဒီယိုကို ၆၁ မိနစ်စာအထိ ချုံ့ပြီး ဇွန် ၂၄ ရက်က နာဆာဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဗွီဒီယိုဟာ နေလေထုရဲ့ အပြင်ဆုံးအလွှာဖြစ်တဲ့ ဆိုလာကိုရိုနာကို ရိုက်ကူးထားတာပါ။ အဲဒီအလွှာဟာ ပူပြင်းတဲ့ ဒြပ်မှုန်စီးကြောင်းဖြစ်တဲ့ နေလေပြင်းတွေကို တိုက်ခတ်စေပါတယ်။
နေမျက်နှာပြင်ဟာ နေမည်းပျောက်တွေ၊ နေမီးတောက်မီးလျှံတွေနဲ့ ဟုန်းထ တောက်လောင်နေတဲ့ ဓာတ်ငွေ့ထု ပရိုမစ်နန့်စ်တွေနဲ့ သက်ဝင်လှုပ်ရှားနေပါတယ်။
နေမျက်နှာပြင် အပေါ်ယံလွှာ ကိုရိုနာက လျှပ်စစ်သံလိုက်ဓာတ်ရောင်ခြည်လှိုင်းတွေဟာ ကိုရိုနာကနေ အာကာသထဲကို ဖြာထွက်နေတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။