အသရေဖျက်မှုအတွက် အမျိုးသမီးနှစ်ဦးကို ဂျပ်စတင်ဘီဘာ တရားစွဲ

ကနေဒါပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီဘာဟာ အသရေဖျက်မှုအတွက် လျော်ကြေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၀ ရလိုမှုနဲ့ အမျိုးသမီးနှစ်ဦးကို တရားစွဲဆိုလိုက်ပါတယ်။ အဲဒီအမျိုးသမီးနှစ်ဦးက ဂျက်စတင်ဘီဘာဟာ သူတို့အပေါ် လိင်ပိုင်းစော်ကားခဲ့တယ်ဆိုပြီး တွစ်တာကနေ စွပ်စွဲပြောဆိုထားတာပါ။ ဂျက်စတင်ဘီဘာက သူဟာ ၂၀၁၄ က အမျိုးသမီးတဦးကို လိင်ပိုင်းစော်ကားခဲ့တယ်ဆိုတာ မဟုတ်ကြောင်း တွစ်တာမှာ ပြောကြားခဲ့ပြီးနောက် ဇွန် ၂၅ က လော့စ်အိန်ဂျလိစ် အထက်တရားရုံးမှာ အမျိုးသမီးတွေကို တရားစွဲဆိုလိုက်တာပါ။ ဒန်နီယယ်လီလို့ အမည်ရှိတဲ့ အမျိုးသမီးတဦးက သူမဟာ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့က ဟိုတယ်တခုမှာ ၂၀၁၄ မတ် ၉ ရက်နေ့က ဘီဘာရဲ့ စော်ကားမှုခံခဲ့ရကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။  တခြားအမျိုးသမီးတဦးကတော့ ကဒီလို့ သူ့ကိုယ်သူ အမည်ပေးထားပြီး၊ သူဟာလည်း ၂၀၁၅ မေလက နယူးယောက် ဟိုတယ်တခုမှာ ဘီဘာက သူ့ကို လိင်ပိုင်းစော်ကားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဂျပ်စတင်ဘီဘာဘက်က ဒီအမျိုးသမီးနှစ်ဦးရဲ့ စွပ်စွဲမှုတွေဟာ အလိမ်အညာတွေဖြစ်ပြီး၊ ဂုဏ်သိက္ခာထိခိုက်ရမှုအတွက် ဒေါ်လာသန်း ၂၀ လျော်ကြေးတောင်းထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up