Home
မြန်မာသတင်း
စစ်တွေမြို့မှ ကိုဗစ်-၁၉ လူနာ အမှတ် ၂၉၂ နှင့် ထိတွေခဲ့သူ ၁၆ ဦး ရောဂါပိုးမတွေ့
DVB
·
June 27, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ လူနာအမှတ် ၂၉၂ နဲ့ ထိတွေ့ခဲ့သူ ၁၆ ဦးကို ဓာတ်ခွဲနမူနာစစ်ဆေးချက်အရ ရောဂါပိုး မတွေ့ဘူးလို့ မြို့နယ်ကျန်မာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်သာက DVB ကိုပြောပါတယ်။ “သူနဲ့အတူ ထိတွေ့ခဲ့သူတွေ အားလုံးကို ပထမအကြိမ် သူတို့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ပတ်တွေကို ဓာတ်ခွဲစစ်ဆေးရာမှာ အားလုံး Negative ပြပါ​တယ်။” လူနာအမှတ် ၂၉၂ နဲ့ ထိတွေ့ခဲ့သူတွေက လှေသမ္ဗန်သမား ၈ ဦး၊ ဟိုတယ်ဝန်ထမ်း ၄ ဦး၊ စက်လှေသမား ၁ ဦး၊ ဆိုင်ကယ်ကယ်ရီသမား ၁ ဦး တို့နဲ့ နှာခေါင်းနဲ့အာခေါင်တို့ပတ် သွားယူသူ ကျန်းမာရေးဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၆ ဦးအား စစ်ဆေးခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် ထပ်စစ်မယ်လို့ ဒေါက်တာကြည်ကြည်သာက ပြောပါတယ်။ လူနာအမှတ် ၂၉၂ ဟာ ဘင်္ဂလားဒေ့ရှိနိုင်ငံကို ပြီးခဲ့တဲ့အပတ်က ကုန်သွယ်မှုကိစ္စနဲ့ သွားရောက်ခဲ့ပြီးနောက် ဇွန်လ ၁၅ ရက်နေ့မှာ စစ်တွေမြို့ကို ရောက်ရှိလာပြီး နေထိုင်မကောင်းတဲ့အတွက် မိသားစုထံမသွားဘဲ ကျန်းမာရေးဌာနကို အကြောင်းကြားကာ ဇွန်လ ၂၁ ရက်နေ့က Hotel Quarnatine နေထိုင်နေသူ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင် ၄ ဦး၊ သံတွဲမှာ ၁ ဦး၊ တောင်ကုတ် ၁ ဦး၊ စစ်တွေမြို့မှာ ၁ ဦးနဲ့  စုစုပေါင်း ၁၁ ဦးရှိပြီး သံတွဲနဲ့ တောင်ကုတ်မြို့က လူနာတွေကတော့ ဓာတ်ခွဲနမူနာ ၂ ကြိမ်စစ်ဆေးပြီး ရောဂါမတွေ့ရတော့တာကြောင့် ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024