A d v e r t i s e m e n t With Us

ကျနော့်အတွက်တော့ မန်စီးတီးအသင်းကသာ အကောင်းဆုံးပါ – ဖရန့်လမ်းပတ်

ယာဂန်ကလော့ပ်နဲ့ ပက်ဂွါဒီယိုလာတို့ဟာ မတူညီတဲ့ အဆင့်အတန်းတမျိုးဆီကို ပိုင်ဆိုင်ထားသူတွေဖြစ်ပြီး မန်စီးတီးရဲ့ ကစားပုံဟာ တခြားအသင်းတွေအားလုံးထက် ပိုကောင်းတယ်လို့ ယူဆကြောင်း ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပြောဆိုလိုက်ပါတယ်။  လမ်းပတ်ရဲ့အသင်းဟာ မန်စီးတီးအသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လီဗာပူးအသင်းကို နှစ် ၃၀ ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလား ချန်ပီယံဖြစ်အောင် တဖက်တလမ်းကနေ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။  ချဲလ်ဆီးအသင်းဟာ ပူလီဆစ်၊ ဝီလီယမ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ မန်စီးတီးကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီပွဲစဉ်ဟာ တော်တော်လေးခက်ခဲခဲ့တယ်လို့ ပွဲအပြီးမှာ လမ်းပတ်က ပြောပါတယ်။  “မန်စီးတီးလို အရည်အသွေးမျိုး၊ ကစားသမားအင်အားမျိုးနဲ့ ထိပ်တန်းနည်းပြမျိုးကို ပိုင်ဆိုင်ထားတဲ့ အသင်းနဲ့ ရင်ဆိုင်ရတာဟာ တကယ်ကိုခက်ခဲပါတယ်။ ကျနော့်အမြင်မှာတော့ ဘောလုံးကို ကစားပုံမျိုးနဲ့ပတ်သက်လာရင် သူတို့က အကောင်းဆုံးပါပဲ။ ပတ်နဲ့ ကလော့ပ်တို့ဟာ ကွဲပြားတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူတွေဖြစ်ပြီး ဒါကြောင့်လည်း လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။”  မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းသားတွေဟာ ပြိုင်ဘက်ရဲ့အမှားကို အခွင့်ကောင်းယူကာ နိုင်ပွဲတခုကို ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး ဒီအခြေအနေနဲ့ ပတ်သက်လို့ ကစားသမားတွေအတွက် ပျော်ရွှင်ရတယ်လို့ လမ်းပတ်က ဆိုပါတယ်။ ဒီပွဲမှာ မန်စီးတီးကစားသမားတွေ ဖြစ်တဲ့ မန်ဒီနဲ့ ဂမ်ဒိုဝန်တို့ရဲ့ နားလည်မှု လွဲမှားမှုကနေ ပူလီဆစ်က အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်သလို မန်စီးတီးနောက်ခံလူ ဖာနန်ဒင်ဟိုကြောင့်ရတဲ့ ပင်နယ်တီကနေတဆင့် ဝီလီယမ်က အနိုင်ဂိုးကို သွင်းယူခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up