စေတုတ္တရာမြို့အနီးတွင် အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
June 27, 2020
မကွေးတိုင်း စေတုတ္တရာမြို့အနီးမှာ မနေ့ညက အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇွန် ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၃၅ မိနစ်၊ ၄၅ စက္ကန့်အချိန်မှာ ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၅၆ မိုင် ခန့်ကွာဝေးတဲ့ စေတုတ္တရာမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၂၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၇၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၁၇ ဒီဂရီ၊ အနက် ၄၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။