စကော့တလန်တွင်  ဓားထိုးမှုဖြစ်၊ လူ ၃ ဦး သေဆုံး

စကော့တလန်နိုင်ငံ  ဂလက်စကိုမြို့မှာ ဇွန်လ ၂၆ ရက်က  ဓားထိုးမှုဖြစ်ပြီး  လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။  သံသယဖြစ်ဖွယ် ဓားထိုးသူကို ရဲတွေက သေနတ်နဲ့ပစ်ခဲ့ပြီးနောက်ပိုင်း သေဆုံးခဲ့တယ်လို့လည်း  Sky News သတင်းက ထုတ်ပြန်ပါတယ်။  ဟိုတယ်တစ်ခုရဲ့ လှေကားမှာ ဓားထိုးခံရတဲ့  လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဘီဘီစီ သတင်းက ဖော်ပြပါတယ်။  သွေးထွက်သံယိုဖြစ်နေတဲ့ လူအများအပြားကို အရေးပေါ် ဝန်ထမ်းတွေ ကုသပေးနေတာ မြင်တွေ့တယ်လို့လည်း မျက်မြင်တဦးက Sky News ကို ပြောဆိုပါတယ်။ မွန်းလွဲ ၁ နာရီ ဝန်းကျင် အခင်းဖြစ်တဲ့နေရာမှာ လက်နက်ကိုင် ရဲဝန်ထမ်းတွေကိုလည်း တွေ့ရပါတယ်။    ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အင်္ဂလန်တောင်ပိုင်း  ရီးဒင်းမြို့ ပန်းခြံတခုမှာ  လူတစ်ယောက်  ဓားနဲ့ လိုက်လံထိုးတာကြောင့်  ၃ယောက် သေဆုံးခဲ့ပါတယ်။  အဲဒီဖြစ်ရပ်ကို ရဲက အကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up