Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာလ စက်ရုံ အလုပ်ရုံ အလုပ်ဌာနပေါင်း ၅၆၀၀ ကျော်ပိတ်ခဲ့ရ
DVB
·
June 27, 2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း ပြည်တွင်းရှိ စက်ရုံ အလုပ်ရုံ ဆိုင် အလုပ်ဌာနပေါင်း လက်ရှိအချိန်ထိ ၅၆၅၈ ခု ပိတ်သိမ်းခဲ့ရတယ်လို့ အလုပ်သမားဝန်ကြီးဌာနကက ပြောပါတယ်။ ဇွန် ၂၆ ရက်နေ့က ပြုလုပ်တဲ့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ချက်တွေ ရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ပြောဆိုခဲ့တာပါ။ “ကိုဗစ်ကာလမှာ ပြည်ပကပြန်ဝန်လာတဲ့ အလုပ်သမား ၁ သိန်းကျော်ရှိပါတယ်။ ပြည်တွင်းမှာဆိုရင်လည်း ပိတ်သွားရတဲ့ စက်ရုံအလုပ်ရုံအကြီးစား ၂၇၀ လောက်ရှိပါပြီ။ လူမှုဖူလုံရေးအရ အလုပ်သမား ၅ ဦးနဲ့အထက်ရှိတဲ့ လုပ်ငန်းတွေပါ အကျုံးဝင်တာမို့ အလုပ်ဌာနအသေးတွေ၊ စားသောက်ဆိုင်အသေးတွေနဲ့ပါဆိုရင် ပိတ်ခဲ့ရတဲ့ စက်ရုံအလုပ်ရုံပေါင်း ၅၆၅၈ ခုရှိပါတယ်။ စုစုပေါင်းအလုပ်လက်မဲ့ ၂ သိန်းခွဲလောက်ထွက်လာတယ်။” ဒီလိုပိတ်သိမ်းမှုတွေကြောင့်ဖြစ်လာတဲ့ အလုပ်လက်မဲ့ကလည်း ၂ သိန်းခွဲလောက်ရှိပြီး မြို့နယ်တွေမှာရှိတဲ့ လေဘာရုံးလို့ခေါ်တဲ့ အလုပ်အကိုင်ရှာဖွေရေးရုံးတွေကနေ အလုပ်အကိုင်တွေ ချိတ်ဆက်ပေးနေတယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။ ဒါ့အပြင် ပြည်ပက ပြန်ဝင်လာတဲ့လုပ်သားတွေကိုကို လက်ရှိ သူတို့ရဲ့ကျွမ်းကျင်မှုတွေကို စစ်တမ်းတွေ ကောက်ခံထားပြီး အလုပ်အကိုင်ရှာဖွေပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024