အမေရိကန်တွင် ကိုဗစ်-၁၉ လူနာ ၂.၅ သန်းကျော်နှင့်သေဆုံးသူ ၁၂၆,၀၀၀ ကျော်ရှိလာ

1.7K
အမေရိကန်ပြည်ထောင်စုမှာ ဇွန်လ ၂၆ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာဟာ ၂ ဒသမ ၅ သန်းကျော်နဲ့ ၁၂၆,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။
အမေရိကန်ပြည်နယ်တွေမှာ ဇွန် ၂၆ ရက်နေ့က လူနာ ၆ ဦး သေဆုံးခဲ့ပြီး မကြာသေးခင်ရက်တွေကလည်း အတည်ပြုလူနာဦးရေ တိုးလာနေပါတယ်။
ဒီရက်ပိုင်းအတွင်း တရက်တည်း ကူးစက်မှုနှုန်းဟာ ပြည်နယ်တော်တော် များများမှာ မြင့်မားနေတယ်လို့ ဂျွန်ဟော့ပ်ကင်းတက္ကသိူလ်စာရင်းအရ သိရပါတယ်။
ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ အမေရိကန်ပြည်နယ် ၃၀ မှာ အရင်အပတ်ကထက် ကူးစက်မှုနှုန်း မြင့်မားလာနေပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း အနည်းဆုံးပြည်နယ် ၃၀ မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း အသစ်က မြင့်တက်လာပါတယ်။
လူဦးရေ အထူထပ်ဆုံးပြည်နယ်တွေဖြစ်တဲ့ တက္ကဆတ်၊ ကယ်လီဖိုးနယားနဲ့ ဖလော်ရီဒါ ပြည်နယ်တို့ကတော့ နေ့စဉ်ကူးစက်မှုနှုန်း မြင့်တက်နေပါတယ်။
ဒီပြည်နယ် ၃ ခုဟာ အမေရိကရဲ့လူဦးရေ ၂၇ ဒဿမ ၄ ရာ ခိုင်နှုန်းရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။