၃ လကျော်ကြာပိတ်ထားသည့် ပြင်သစ် အီဖယ်မျှော်စင် ပြန်ဖွင့်

ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရဲ့အထင်ကရနေရာတခုဖြစ်တဲ့ အီဖယ်မျှော်စင်ကို အများပြည်သူ အတွက်  ဇွန် ၂၅ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။  ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရက်ပေါင်း ၁၀၄ ရက်ပိတ်ထားမှုဖြစ်ပြီး အရှည်ကြာဆုံး မျှော်စင်ကို ပိတ်ထားမှုလည်းဖြစ်ပါတယ်။ သုံးလကျော်ကြာ ပိတ်ထားပြီးနောက် ပြန်ဖွင့်တဲ့ အီဖယ်မျှော်စင်မှာ တနေ့ကို ကန့်သတ်ဧည့်သည်အရေအတွက်ပဲ လက်ခံမှာဖြစ်ပါတယ်။  မျှော်စင်ကိုလာတဲ့ အသက် ၁၁ နှစ်အထက် ဧည့်သည်မှန်သမျှ Mask တပ်ရမှာဖြစ်ပြီး တဦး ချင်းစီလည်း  ၁ ဒသမ ၅ မီတာစီ လူချင်းခွာနေရပါမယ်။  လတ်တလောမှာ ပထမထပ်နဲ့ ဒုတိယထပ်ကိုပဲ ဧည့်သည်တွေအတွက် ဖွင့်ပေးထားပြီး ထိပ်ဆုံးအထပ်ကို ဇူလိုင် ၁၅ အထိ ပိတ်ထားဦးမှာပါ။  မျှော်စင်ကို စတင်ဖွင့်လှစ်မယ်လို့ ကြေညာတဲ့ ပထမနေ့မှာပဲ အွန်လိုင်းကနေ လက်မှတ်ဝယ်သူတွေ ၇၀၀ ရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အခုဆို မျှော်စင်မှာ တနေ့ကို ဧည်သည့် ၁၀၀၀ လက်ခံပေးနေတယ်လို့ ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up