မန္တလေးတွင် ငွေကျပ် ၈ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
DVB
·
June 26, 2020
ဖမ်းဆီးရမိခဲ့တဲ့ ငွေကျပ် ၈.၈၁၂၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်ရှိ ရွှေမန်းတောင် အားကစားကွင်းမှာ ဒီကနေ့ မနက်က မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
(၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မီးရှို့ဖျက်ဆီးတာဖြစ်ပြီး အခမ်းအနားကို မန္တလေးမြို့တော်ဝန် ဒေါက်တာ ဦးရဲလွင်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
Photo - Kaung Zaw Hein / MPA