ငလျင်ဘေးသင့် ဒုက္ခသည်များကိုကူညီရာမှ ကိုဗစ်-၁၉ ကူးစက်မှု တိုးမည်ကို မက္ကဆီကိုအစိုးရ စိုးရိမ်

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမှာ ဇွန်လ ၂၃ ရက်က လှုပ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် လူသန်းပေါင်းများစွာကို ကယ်တင်ခဲ့ရာကနေ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာမှာကို စိုးရိမ်နေရပါတယ်။  ဇွန်၂၃ ရက်က ပြင်းအား ၇ ဒဿမ ၄ အဆင့်ရှိ ငလျင်လှုပ်ခဲ့တာကြောင့် မြို့တော်မှာ အနည်းဆုံး အဆောက်အအုံ အလုံး ၃၀ လောက် ပျက်စီးခဲ့သလို တချို့လည်း နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။  ငလျင်ဒဏ်ကြောင့် ကိုဗစ်ကာလအတွက် သတ်မှတ်ထားတဲ့ လူချင်းခပ်ခွာခွာနေဖို့ social distancing ကိစ္စကိုလည်း မေ့ခဲ့တယ်လို့ မြို့ခံတွေက  ပြောပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေကလည်း ကွင်းပြင်တွေနဲ့ လမ်းတွေမှာ လူတွေကို ကယ်ဆယ်ရေး လုပ်ရတာဟာ ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ မလုံလောက်ဘူးလို့ ပြောပါတယ်။  မက္ကဆီကိုဟာ ဇွန်လ ၂၆ ရက်မနက်အထိ အတည်ပြုလူနာဦးရေ ၂၀၃,၀၀၀ လောက်ရှိထားပြီး သေဆုံးသူ ကလည်း နှစ်သောင်းခွဲကျော် ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up