ဘာစီလိုနာက အာသာနှင့် ဂျူဗင်တပ်က ပီယာနစ်တို့ကို အလဲအထပ်လုပ်ရန် နီးစပ်

ဘာစီလိုနာနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အာသာ နဲ့ ပီယာနစ်တို့ကို အလဲအထပ်ပြုလုပ်သွားဖို့ နီးစပ်နေပါတယ်။  ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဘာစီလိုနာကွင်းလယ်လူ အာသာကို ဂျူဗင်တပ်အသင်းက ရာသီအကုန်မှာ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တာလို့ စကိုင်းစပေါ့သတင်းမှာ ဖော်ပြခဲ့တာပါ။  တဆက်တည်းမှာပဲ ဂျူဗင်တပ်ကွင်းလယ်လူ ပီယာနစ်ဟာလည်း ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။  ဘာစီလိုနာက ဘရာဇီးကွင်းလယ်လူ အာသာ ဘက်ကတော့ ဂျူဗင်တပ်အသင်းမှာ လုပ်ခ ပိုမိုရရှိဖို့ တောင်းဆိုထားတာကြောင့် ဆက်ပြီး ညှိနိုင်းရဖွယ်ရှိတယ်လို့ သိရပါတယ်။  အသက် ၃၀ အရွယ် ဘော့ဇနီးယားကွင်းလယ်လူ ပီယာနစ်ဟာ  ဂျူဗင်တပ်အသင်းမှာ ပွဲ ထွက်ကစားနေပေမယ့် လူငယ်ကွင်းလယ်လူ အာသာ နဲ့ အစားထိုးဖို့ ဂျူဗင်တပ်နည်းပြ ဆာရီက အလို ရှိနေတာလို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up