အရီဇိုးနားတွင် ရဲဖမ်းဆီးမှုအတွင်း လူသေဆုံးခဲ့သဖြင့် ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှနုတ်ထွက်

အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ် တပ်ဆန်မြို့မှာ ရဲတပ်ဖွဲ့ဖမ်းဆီးမှုအတွင်း စပိန် အနွယ်တစ်ဦး သေဆုံးခဲ့တဲ့ ဗွီဒီယိုကို ဇွန် ၂၄ ရက်မှာ ရဲတပ်ဖွဲ့ အကြီးအကဲက ထုတ်ပြန်ခဲ့ပြီးနောက်  ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။  ဧပြီ ၂၁ ရက် ဖမ်းဆီးမှုအတွင်း အသက်၂၇ နှစ်အရွယ် ကာလိုဆင်ဂရမ် လိုပက်ဇ်ကို   ရဲတွေက မှောက်လျက်အနေအထား လက်နှစ်ဘက်ကို နောက်ပစ်ပြိး ၁၂ မိနစ်ကြာ  ချုပ်ထားခဲ့တာကို ရဲဝန်ထမ်းရဲ့ ကိုယ်မှာတပ်ထားတဲ့ ကင်မရာက ဗွီဒီယိုရိုက်ကူးထားပါတယ်။ ဗွီဒီယိုထဲမှာ  ဆင်ဂရမ်လိုပက်ဇ်က ရေတောင်းတာ၊ ငိုယိုတာ၊ ညည်းတွားတာနဲ့ အသက်ရှူ မရဘူးလို့ ပြောဆိုတာတွေကို ကြားရပြိး အသက်ကို လေးလေးပင်ပင် ရှူရင်း နောက်ဆုံးငြိမ်ကျသွားခဲ့ပါတယ်။  ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဖမ်းဆီးမှုအတွင်း ရဲစည်းမျဉ်း စည်းကမ်းတွေ ချိုးဖောက်ကြောင်း တွေ့ရှိပြီး  ရဲဝန်ထမ်း ၃ ယောက် ရာထူးက နုတ်ထွက်ခဲ့တယ်လို့  ရဲတပ်ဖွဲ့အကြီးအကဲ မဂ္ဂနစ်က ပြောပါတယ်။  အဲဒီနောက် သူလည်း တာဝန်ခံတဲ့အနေနဲ့ ရာထူးက နုတ်ထွက်တယ်လို့  သတင်းစာ ရှင်းလင်းပွဲမှာ မဂ္ဂနစ်က ပြောဆိုပါတယ်။  တပ်ဆန်မြို့ အုပ်ချုပ်ရေး အကြီးအကဲကတော့ မဂ္ဂနစ် နုတ်ထွက်စာကို လက်မခံသေးဘူးလို့ သတင်းရင်းမြစ်တခုက ဆိုပါတယ်။   အမေရိကန်နိုင်ငံတဝှမ်းမှာ လက်နက်မဲ့  လူဖြူမဟုတ်သူတွေကို ရဲဝန်ထမ်းတွေ သတ်ဖြတ်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ သီတင်းပတ်ချီ  ပေါ်ပေါက်ပြီးနောက်မှာ ဒီဗွီဒီယိုကို ထုတ်ပြန်ခဲ့တာလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up