၂၀၂၂ ခုနှစ်တွင် လွတ်လပ်သည့် ပြည်သူ့ ဆန္ဒခံယူပွဲလုပ်မည်ဟု ဗင်နီဇွဲလားသမ္မတ ကတိပြု

1.1K
လာမယ့် ၂၀၂၂ ခုနှစ်မှာလွတ်လပ်တဲ့ ပြည်သူ့ ဆန္ဒခံယူပွဲလုပ်မယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက ကတိပြုလိုက်ပါတယ်။
ပြည်သူ့ဆန္ဒခံယူပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှာလုပ်မှာဖြစ်ပြီး သူ့ကို မထောက်ခံတဲ့၊ ပြည်သူတွေရဲ့ လက်မှတ်ကိုလည်း စုစည်းပေးသွားမယ်လို့ ပြောပါတယ်။ မဲပုံးတွေကရတဲ့ ဆန္ဒမဲရလဒ်အရ သူနာခံမယ်လို့ မာဒူရိုက ဆိုပါတယ်။
ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဟွမ်ဂွီဒိုကတော့၊ သူတို့အနေနဲ့ သမ္မတ မာဒူရို လွှမ်းမိုးထားတဲ့ တရားလွှတ်တော်ချုပ်ကို အသိအမှတ်မပြုဘူးလို့ ပြောပါတယ်။
ဂွီဒိုကို အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများက ဗင်နီဇွဲလားရဲ့ စစ်မှန်သောခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားပါတယ်။
ဒါပေမဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ်လို့ တိုင်းပြုပြည်ပြု လွှတ်တောဥက္ကဋ္ဌ ဒီယို့စ်ဒါဒို ကာဘယ်လိုက အရင်အပတ်က ပြောခဲ့ပြီး ကျင်းပမယ့်ရက် အတိအကျကိုတော့ မပြောခဲ့ပါဘူး။