Home
မြန်မာသတင်း
အထောက်အထားမဲ့ ဘင်္ဂါလီများအား ခေါ်ဆောင်လာသူ  ၄ ဦးကို အိမ်မဲတွင် ဖမ်းမိ
DVB
·
June 25, 2020
ဧရာဝတီတိုင်းကို ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို ဇွန်လ ၂၃ ရက်နေ့က မြောင်းမြမြို့နယ်မှာဖမ်းမိခဲ့ပြီး လာရောက်ခေါ်ဆောင်သူ ၄ ဦးကို အိမ်မဲမြို့နယ်မှာ အဆိုပါညက ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို အခကြေးငွေရယူ သယ်ဆောင်ပေးသူတွေတဲ့ဖြစ်တဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်နေ ကိုလင်း(ခ)ကျော်ဇောလင်း(၃၂)နှစ်၊ အေးမောင်(၁၉)နှစ်နဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်နေ ဆန်းမင်းကျော်(ခ)ဘိုသိန်း (၃၇)နှစ်နဲ့ ပြည့်ငြိမ်းမောင်(၂၄)နှစ်တို့ကို မြောင်းမြမြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ "ဖမ်းမိတဲ့သူ ၁၆ ဦးကိုတော့ ကျေးရွာဘုန်းကြီးကျောင်းမှာ Facility Quaratine ထားပြီး စောင့်ကြည့်ထားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေပါပြီ"လို့ ပြောပါတယ်။ ဖမ်းဆီးမိခဲ့တဲ့ ဘင်္ဂါလီတွေကို ရေလမ်းခရီးနဲ့ လာပို့ခဲ့တာဖြစ်ပြီး ကား ၂ စီးနဲ့ လာရောက်ခေါ်ဆောင်တဲ့ အမျိုးသား ၄ ဦးကိုတော့ အိမ်မဲမြို့နယ် တကောစစ် ဆေးရေးဂိတ်အနီး ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ “ခေါ်မယ့်သူတွေကို စောင့်နေတုန်း ဖမ်းမိတာ၊ လာခေါ်တဲ့သူတွေက ပဲခူးကနေ ကား ၂ စီးနဲ့ လာခေါ်တာ၊ မြောင်းမြ-အိမ်မဲကားလမ်းပေါ်က စစ်ဆေးရေးဂိတ်မှာ ပိတ်ဖမ်းခဲ့တာပါ"လို့ ပူးပေါင်းဖမ်းဆီးရာမှာ ပါဝင်ခဲ့သူတဦးက ပြောပါတယ်။ ဘင်္ဂါလီတွေကို လာရောက်ခေါ်ဆောင်တဲ့ အမျိုးသား ၄ ဦးကို မြောင်းမြမြို့မရဲစခန်းမှာ (ပ)၅၀၈/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇/၁၁၄ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားပါတယ်။ သတင်း-မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024