၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား  ပူးတွဲကျင်းပရန် သြစတြေးလျ နှင့် နယူးဇီလန်လျှောက်ထား

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားကို သြစတြေးလျနဲ့နယူးဇီလန်တို့က ပူးတွဲ အိမ်ရှင်ကျင်းပဖို့ လျှောက်ထားပြီး ကိုလံဘီယာနဲ့အပြိုင် လုရဖို့ရှိပါတယ်။  ၂၀၁၉ ပြင်သစ်ကမ္ဘာ့ဖလားမှာ အမျိုးသမီးအသင်းတွေရဲ့ ခြေစွမ်းကို ပရိသတ်တွေ အများအပြား အားပေးလာခဲ့ကြပြီးနောက် အိမ်ရှင်ကျင်းပလိုတဲ့ နိုင်ငံအရေအတွက်ဟာလည်း များလာခဲ့တာပါ။  ကနဦးမှာ ဂျပန်၊ ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ ဘိုလီးဗီးယား၊ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား အစရှိတဲ့ နိုင်ငံတွေက အိမ်ရှင် အဖြစ်ကျင်းပဖို့ ဆန္ဒရှိခဲ့ကြတာပါ။  ဒါပေမယ့် ဇွန် ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ ကိုလံဘီယာနဲ့ သြစတြေးလျ- နယူးဇီလန်တို့က ပူးတွဲကျင်းပဖို့ အတည်ပြု လျှောက်ထားခဲ့ကြတာပါ။  တောင်အမေရိကနိုင်ငံတွေက ကိုလံဘီယာကို အားပေးထောက်ခံကြမှာဖြစ်ပြီး သြစတြေးလျနဲ့ နယူးဇီလန် ပူးတွဲလျှောက်ထားမှုကိုတော့ အာရှဘောလုံးအဖွဲ့ချုပ်က ထောက်ခံအားပေးမယ်လို့ သိရပါတယ်။  ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားကို ၂၄ သင်းကနေ ၃၂ သင်းအထိ တိုးမြှင့်ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up