ဓာတ်ခွဲနမူနာ ၁,၂၂၀ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့
DVB
·
June 25, 2020
ဇွန် ၂၄ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၂၂၀ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၈၅၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၃၆၈ ခု၊ စုစုပေါင်း ၁,၂၂၀ ခုအား ဒီနေ့မနက်အစောပိုင်း စစ်ဆေးပြီးစီးခဲ့တာပါ။
မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၁၁၀ အားစစ်ဆေးရာမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ ကိုဗစ်-၁၉ ရောဂါ လူနာသစ် ၁ ဦး ထပ်မံစစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။ လူနာသစ်ဟာ ဘူးသီးတောင်မြို့နယ်မှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသား တဦးဖြစ်ပြီး အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဇွန်လ ၂၅ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၉၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၀၈ ဦးနဲ့ ဒီအထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁၉၃ ဦး ရှိသွားပြီဖြစ်ပါတယ်။