ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်ပြန် ကိုဗစ်-၁၉ လူနာသစ် ၁ ဦးထပ်တွေ့
DVB
·
June 24, 2020
ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ ကိုဗစ်-၁၉ ရောဂါ လူနာသစ် ၁ ဦး ထပ်မံစစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါလူနာသစ်ဟာ ဘူးသီးတောင်မြို့နယ်မှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၆၄)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၆၀) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၉၅) ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉၁) ခု စုစုပေါင်း (၁,၁၁၀)ခုကို ဒီကနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် တစ်ဦးတွေ့ရှိတာပါ။
ဇွန်လ ၂၄ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၉၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၀၈ ဦးနဲ့ ဒီအထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁၉၃ ဦး ရှိသွားပြီဖြစ်ပါတယ်။