ဖူဂါကုဂျပန်စူပါကွန်ပျူတာကို ကမ္ဘာ့စွမ်းအားအကြီးဆုံး ကွန်ပျူတာအဖြစ် သတ်မှတ်

ဖူဂါကုလို့ ခေါ်ဆိုတဲ့ ဂျပန်စူပါကွန်ပျူတာဟာ ၉ နှစ်တာအတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့စွမ်းအားအကြီးဆုံး ကွန်ပျူတာတွေထဲမှာ  ထိပ်ဆုံးနေရာ ရောက်လာတယ်လို့  ကမ္ဘာ့စူပါကွန်ပျူတာများ အဆင့်သတ်မှတ်ရေးအဖွဲ့က ဇွန်လ ၂၂  ရက်မှာ ပြောပါတယ်။  ဂျပန် ရီးကန်သုတေသနနဲ့  ဖူဂျစ်ဆုလီမိတက်တို့ ပူးတွဲဖန်တီးတဲ့ ဖူဂါကုဟာ ကမ္ဘာ့ထိပ်တန်း ၅၀၀ စာရင်းမှာ  ပထမဆုံးနေရာ ရရှိတယ်လို့   နိုင်ငံတကာကျွမ်းကျင်သူများ ကွန်ဖရင့်က ကြေညာခဲ့ပါတယ်။  ဒါ့အပြင် ဖူဂါကုဟာ လုပ်ငန်းသုံး တွက်ချက်မှုနည်းလမ်း၊  အေအိုင်အသုံးပြုမှုနဲ့  အချက်အလက် အမြောက်အမြား ပိုင်းခြားခွဲဖြာမှုလို  စွမ်းဆောင်ရည်ကို တိုင်းတာတဲ့ တခြားအမျိုးအစား ၃ ခုမှာလည်း ထိပ်တန်းနေရာတွေကို ရရှိခဲ့ပါတယ်။  ရီးကန်ကုမ္ပဏီ ဥက္ကဋ္ဌက “ဒီအောင်မြင်မှုကြီးအတွက် စိတ်သက်သာရာရမိသလို တချိန်တည်းမှာ ပျော်ရွှင်မိတယ်”လို့ ပြောပါတယ်။ ဖူဂါကု စူပါကွန်ပျူတာကို ဂျပန်ရဲ့   Society 5.0  နည်းပညာ ပရိုဂရမ် တစိတ်တပိုင်းအဖြစ် သုတေသနလုပ်ငန်းမှာ အသုံးပြုသွားမယ်လို့  ရိုက်တာက ဖော်ပြပါတယ်။ ဓာတ်ပုံ- UNTV

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up