မန်စီးတီးအသင်း၏ ရလဒ်ပိုင်းကို စိတ်မဝင်စားဟု လီဗာပူးနည်းပြ ပြော

မန်စီးတီးအသင်းရဲ့ ရလဒ်ပိုင်းကို ထည့်သွင်းစဉ်းစားတာ မရှိတော့ဘူးလို့ လီဗာပူးနည်းပြ ကလော့ပ်က ပြောပါတယ်။  လီဗာပူးအသင်းဟာ ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းမှာ ခရစ္စတယ်ပဲလေ့နဲ့ ကစားရဖို့ရှိပြီး အဲဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်ကပြောကြားခဲ့တာပါ။  အမှတ်ပေးဇယားထိပ်ဆုံးကနေ မန်စီးတီးကို ရမှတ် ၂၀ ဖြတ်ထားဖို့ဆိုတာ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ အံ့အားသင့်စရာ အခြေအနေဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။  လီဗာပူးအသင်းဟာ ချန်ပီယံဖြစ်ဖို့ ရမှတ် ၅ မှတ်သာ လိုအပ်တော့တာဖြစ်ပြီး မန်စီးတီးအသင်း ခြေချော်ခဲ့မယ်ဆိုရင်တော့ ချန်ပီယံဖြစ်ဖို့ ပိုမိုနီးစပ်သွားမှာ ဖြစ်ပါတယ်။  ဒါပေမဲ့ နည်းပြကလော့ပ်ကတော့ မန်စီးတီးအသင်းရဲ့ ရလဒ်ကို ထည့်တွက်ထားခြင်းမရှိဘဲ ခရစ္စတယ်ပဲလေ့နဲ့ပွဲကိုပဲ အာရုံစိုက်ကစားမယ်လို့ပြောပါတယ်။  ပဲလေ့အသင်းဟာ နောက်ဆုံး ၄ ပွဲဆက်တိုက် အနိုင်ရထားပြီး ပေးဂိုးလည်း မရှိခဲ့တာကြောင့် ခက်ခဲတဲ့ပွဲ ဖြစ်လာလိမ့်မယ်လို့ နည်းပြကလော့ပ်က သုံးသပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up