Home
မြန်မာသတင်း
စစ်တွေမြို့နယ်၌ ဘင်္ဂလားဒေ့ရှ်ပြန် ကိုဗစ်-၁၉ လူနာသစ် ၁ ဦးတွေ့ရှိ  
DVB
·
June 23, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ် တစ်ဦး စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီ မှာ သတင်းထုတ်ပြန်ပါတယ်။ အဆိုပါလူနာသစ်ဟာ အသက် ၃၈ အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ အမျိုးသား တစ်ဦးဖြစ်ပြီး စစ်တွေမြို့နယ်မှာ  အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၄၇၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ  ၂၄၆ ခုနဲ့ ရန်ကုန်မြို့၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင် ၁,၀၀၀)မှ ဓာတ်ခွဲနမူနာ ၁၅၀ ခု စုစုပေါင်း  ၈၆၆ ခုကို ဒီကနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် တစ်ဦး တွေ့ရှိတာပါ။ ဇွန်လ ၂၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၉၂ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်သူ  ၂၀၄  ဦးရှိပြီး ဒီအထဲက  ဆေးရုံကဆင်းခွင့်ပြုခဲ့သူ ၁၉၀ ဦး ရှိသွားပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024