ငွေကျပ် ၃ ဒသမ ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းများ ဖျက်ဆီးမည်
DVB
·
June 23, 2020
ကာလတန်ဖိုးငွေ ကျပ် ၃ ဒသမ ၃၈ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ဆက်စပ် ပစ္စည်းတွေကို ကွတ်ခိုင်မြို့အထွက် အေးရှားဝေါလ်တိုးဂိတ်အလွန်ရှိ ကွင်းပြင်မှာ ဒီကနေ့ ဖျက်ဆီးသွားဖို့ရှိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ၂၀၂၀ ဖေဖော်ဝါရီလ ၂၀ ရက်မှ ဧပြီလ ၉ ရက်အထိ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းအမျိုးပေါင်း ၄၇ မျိုး၊ ဆက်စပ်ပစ္စည်း ၅၀ မျိုးကို ဖျက်ဆီးမှာဖြစ်ပါတယ်။
(၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဖျက်ဆီးမှာဖြစ်တယ်လို့လည်း တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ-တပ်မတော်