ထိုင်းနိုင်ငံမှ မြဝတီဘက် ခိုးဝင်သူ ၂ ဦးကို ထောင်ဒဏ် ၄ လစီ အမိန့်ချ
DVB
·
June 23, 2020
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကနေ ကရင်ပြည်နယ် မြဝတီဘက် တရားမဝင် ခိုးဝင်သူနဲ့ယာဉ်မောင်းတို့ကို ဇွန် ၂၂ ရက်နေ့က ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ ထောင်ဒဏ် ၄ လစီ အမိန့်ချလိုက်ပါတယ်။
CANDA အမျိုးအစား၊ (ခဲရောင်)ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့အတူ ထိုင်းနိုင်ငံက ပြန်လာတဲ့ မြဝတီမြို့နေ မြန်မာရွှေ့ပြောင်းအလုပ်သမား ဒေါ်မိုးသူဇာတို့ကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
ဒေါ်မိုးသူဇာဟာ မြဝတီနယ်စပ် BCF ဇုန် ကျန်းမာရေးဌာနမှာ ကျန်းမာရေးစစ်ဆေးမှုတွေ မပြုလုပ်ဘဲ CARGO ကုန်ပစ္စည်းစစ်ဆေးရေးဂိတ်ဘက်ခြမ်းကနေ ခိုးဝင်လာခဲ့တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရောက် နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားတွေကို ကြိုဆိုလက်ခံပေးနေတဲ့ ထိုင်း-မြန်မာအမှတ် ၂ ချစ်ကြည်ရေးတံတား မြဝတီမြန်မာဘက်ခြမ်း BCF ဇုန်ကိုမဝင်ဘဲ ခိုးဝင်လာတဲ့ ဒေါ်မိုးသူဇာနဲ့ ယာဉ်မောင်းကို ဇွန်လ ၂၂ ရက်နေ့ ၁၂ နာရီခန့်လောက်က ဖမ်းဆီးခဲ့တာပါ။
ဇွန်လ ၂၂ ရက်နေ့ညနေပိုင်းက မြဝတီမြို့တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၁၈ နဲ့အရေးယူပြီး ၂ ဦးစလုံးကို ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်တာပါ။ မြဝတီမြို့မှာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် သတိပေးတဲ့အနေနဲ့ တရက်အတွင်း ဖမ်းဆီးပြစ်ဒဏ်ချတာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဖိုးစီ