VAR စနစ်ကို ဘာစီလိုနာနည်းပြ ဆက်တီယန် ဝေဖန်

VAR စနစ်နဲ့ ဆုံးဖြတ်တာက အမြဲတမ်းမှန်ကန်မှုမရှိကြောင်း ဘာစီလိုနာနည်းပြ ဆက်တီယန်က ဝေဖန်လိုက်ပါတယ်။  Video Assistant Referee လို့ ခေါ်တဲ့ ရုပ်သံကနေ ပြန်လည်ကြည့်ရှုပြီး ဆုံးဖြတ်ချက်ချရတဲ့ စနစ်ကို အခုနှစ်ဥရောပလိဂ်ပြိုင်ပွဲတွေမှာ စတင်အသုံးပြုနေတာပါ။  VAR စနစ်ကြောင့် မှန်ကန်တာတွေရှိပေမဲ့ ပွဲစဉ်တိုင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ဘာစီလိုနာ နည်းပြက ဆိုပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းက ဆိုစီဒက်အသင်းကို  ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာဆိုရင် ဆိုစီဒက်ဘက်ကရတဲ့ သွင်းဂိုးတစ်ဂိုး ကို VAR စနစ် အသုံးပြုပြီး ပယ်ဖျက်ခဲ့ပါတယ်။  ဒါ့အပြင် ဘင်ဇီမာ သွင်းယူခဲ့တဲ့ ဒုတိယဂိုးဟာလည်း လက်မောင်းနဲ့ထိခဲ့တဲ့အပေါ်မှာ VAR က ခွင့်ပြုပြီး ဂိုးပေးခဲ့တာကိုလည်း နည်းပြဆက်တီယန်က ထောက်ပြခဲ့ပါတယ်။ ဒိုင်လူကြီးတွေအနေနဲ့ တချို့ဖြစ်ရပ်တွေမှာ VAR ကို အသုံးပြုပေမဲ့ တချို့ ဖြစ်ရပ်တွေမှာတော့  VAR နဲ့ ဆုံးဖြတ်တာမျိုးမရှိတဲ့အတွက် အမြဲတမ်း မှန်ကန်နေတယ်လို့ မဆိုနိုင်ကြောင်း ဘာစီလိုနာနည်းပြ ဆက်တီယန်က ဝေဖန်ခဲ့တာပါ။  ဘာစီလိုနာအသင်းဟာ ရီးရဲလ်နဲ့ ရမှတ်တူနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှုအရ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up