Live
Home
မြန်မာသတင်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက စိုက်ပျိုးသက်မွေးပညာ အခမဲ့သင်တန်းဖွင့်မည် 
DVB
·
June 22, 2020
မြန်မာလူငယ်တွေအတွက် အခမဲ့သင်ကြားပေးမယ့် စိုက်ပျိုးသက်မွေးပညာသင်တန်းတစ်ခုကို လာမယ့် အောက်တိုဘာလထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။ အနာဂတ်ကာလမှာ အရည်အသွေးမြင့်မားတဲ့ စိုက်ပျိုးရေးပညာရှင် လူငယ်တွေ တိုးတက်များပြားလာစေဖို့ ရည်ရွယ်ဖွင့်လှစ်မယ့် ဒီသင်တန်းကိုတော့ နေပြည်တော်မှာရှိတဲ့ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း(Horticulture Training Academy - La Yaung Taw)မှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ ဒီသင်တန်းမှာတော့ အော်ဂဲနစ်ကို အခြေခံပြီးတော့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပန်းမန်ဥယျာဉ်စိုက်ပျိုးနည်းတွေ၊ သစ်တောပြုန်းတီးမှု ကာကွယ်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရပ်တွေကို ပြည်တွင်း ပြည်ပ ပညာရှင်တွေက စာတွေ့ လက်တွေ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အတွင်း၊ အ အခြေခံပညာ အဋ္ဌမတန်းအောင်မြင်ပြီးသူ၊ ကျန်းမာရေးကောင်းမွန်ပြီး သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်နိုင်သူဖြစ်ရမယ်လို့ ကြေညာထားပါတယ်။ သင်တန်းကာလကိုတော့ အချိန် ၁ နှစ်သတ်မှတ်ထားပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းကြေးအခမဲ့နဲ့ တက်ရောက်နိုင်မယ့် ဒီသင်တန်းကိုတော့ လူဦးရေ ကန့်သတ်ထားပြီး ရပ်ဝေးကနေ လာရောက်သင်ယူမယ့်သင်တန်းသားတွေအတွက် အဆောင် စီစဉ်ပေးမှာ ဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာတွေကို‌ ဇူလိုင်လ ၁ ရက်နေ့ကနေ စတင်ပြီး Horticulture Training Academy - La Yaung Taw သင်တန်းကျောင်းနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ထုတ်ယူနိုင်ပြီး ဇူလိုင်လ ၃၀ ရက်နေ့ နောက်ဆုံး ထားကာ ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။ ဝင်ခွင့်ဖြေဆိုဖို့ အရည်အချင်းပြည့်မီသူတွေကိုတော့ ဩဂုတ်လ ၇ ရက်နေ့မှာ ကြေ ငြာပေးသွားမှာဖြစ်ပြီး အသေးစိတ် သိရှိလိုသူတွေအနေနဲ့ Hot line ဖုန်းနံပါတ်တွေဖြစ်တဲ့ ၀၉-၇၈ ၇၉ ၅၆ ၄၄၇၊ ၀၉-၇၉ ၇၈ ၅၃ ၃၇၃ တို့ကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024