A d v e r t i s e m e n t With Us

ရခိုင်ကမ်း​ရိုး​တန်း​ မုန်တိုင်း​ အန္တရာယ် ကင်း​ရှင်း​သွား​ပြီ – မိုး​ဇလ

မဟာစင် မုန်တိုင်း​ဟာ အစိမ်း​ရောင် အဆင့်​ပြောင်း​ပြီး​ ရခိုင်ကမ်း​ရိုး​တန်း​ မုန်တိုင်း​ အန္တရာယ် ကင်း​ရှင်း​သွား​ပြီဖြစ်​ကြောင်း​ မိုး​လေဝသနှင့်​ဇလ​ဗေဒ ညွှန်ကြား​မှုဦး​စီး​ဌာနက ​နောက်ဆုံး​သတင်း​ ထုတ်ပြန်လိုက်ပါတယ်။့ ​မြန်မာစံ​တော်ချိန် ည (၈)နာရီ အချိန် တိုင်း​ထွာချက်များ​အရ ဘင်္ဂလား​ဒေ့​ရှ်နိုင်ငံ ကမ်း​ခြေကို ဖြတ်​ကျော်ဝင်​ရောက်ခဲ့​တဲ့​ ကုန်း​တွင်း​ မုန်တိုင်း​ငယ်ဟာ အ​ရှေ့​မြောက်ဘက်ကို ဆက်လက်​ရွေ့​လျား​ကာ ​လေဖိအား​နည်း​ ရပ်ဝန်း​အ​နေနဲ့​ တ​ဖြေး​ဖြေး​ အား​ပျော့​သွား​ကြောင်း​ မိုး​ဇလက ခန့်​မှန်း​လိုက်ပါတယ်။ မုန်တိုင်း​ရဲ့​ လက်ရှိအ​ခြေအ​နေမှာ အစိမ်း​ရောင်အ​ခြေအ​နေကို ​ရောက်ရှိခဲ့​ပြီး​၊​ရခိုင်ကမ်း​ရိုး​တန်း​မှာ​တော့​ မုန်တိုင်း​အန္တရာယ်ကင်း​ရှင်း​သွား​တဲ့​ အ​ခြေအ​နေဖြစ်​ကြောင်း​ မိုး​ဇလ ခန့်​မှန်း​ချက်ထဲမှာ ​ဖော်ပြထား​ပါတယ်။ မိုး​လေဝသဌာနက ညွှန်ကြား​ရေး​မှူး​ ဦချစ်​ကျော်က "အစိမ်း​ရောင်ရဲ့​ အဓိပ္ပာယ်က ဘာလဲဆိုရင် မုန်တိုင်း​အန္တရာယ် လုံး​ဝကင်း​သွား​ပြီ။ သူတို့​ ခို​အောင်း​နေတဲ့​နေရာ၊​ ​ရွှေ့​ပြောင်း​နေတဲ့​ ​နေရာ၊​ ပုန်း​ခို​နေတဲ့​နေရာ၊​ မုန်တိုင်း​ကင်း​လွတ်တဲ့​နေရာက​နေ သူတို့​ထွက်လာပြီး​ သူတို့​မြို့​၊​ သူတို့​ရွာ၊​ သူတို့​အိမ်ကို ပြန်လာနိုင်တဲ့​ အ​ခြေအ​နေကို အစိမ်း​ရောင်လို့​ ​ပြောတာပါ"လို့​ ဒီဗွီဘီကို ​ပြောကြား​ခဲ့​ပါတယ်။ ဒါ့​အပြင် မြစ်ဝကျွန်း​ပေါ်၊​ မုတ္တမ​ကွေ့​၊​ရခိုင်ကမ်း​ရိုး​တန်း​တစ်​လျှောက်နဲ့​ ကမ်း​လွန်ပင်လယ်ပြင်​တွေမှာ တစ်ခါတစ်ရံ မိုး​သက်​လေပြင်း​များ​ တိုက်ခတ်ပြီး​လှိုင်း​ကြီး​နိင်​ကြောင်း​၊​ မိုး​သက်​လေပြင်း​ကျစဉ်​ရေပြင်/​မြေပြင် ​လေဟာ တစ်နာရီမိုင်(၄၀)အထိ တိုက်ခတ်နိုင်​ကြောင်း​၊​ မဟာစင် မုန်တိုင်း​အတွက် ​နောက်ဆုံး​သတင်း​ကို မိုး​ဇလ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up