ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်လာဟု WHO သတိပေး

703
ကမ္ဘာတဝန်း ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇွန် ၂၂ ရက်နေ့က ၂၄ နာရီကာလအတွင်းမှာ ကူးစက်ခံလူနာ ၁၈၃,၀၂၀ ရှိခဲ့တယ်လို့ WHO က ထုတ်ပြန်ပါတယ်။
လက်ရှိမှာ တောင်နဲ့မြောက်အမေရိကတိုက်တွေက ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး နေ့စဉ် ကူးစက်မှုနှုန်းဟာ ၁ သိန်း ၁ သောင်း ၆ ထောင် ဖြစ်နေပါတယ်။
WHO ရဲ့ စာရင်းအရဆိုရင် တကမ္ဘာလုံးအတည်ပြုလူနာ ၈ ဒသမ ၇ သန်းနဲ့ သေဆုံးသူ ၄၆,၁၀၀၀ ရှိတယ်လို့ ဖော်ပြပါတယ်။
WHO ဖော်ပြချက်အရ ဇွန် ၂၁ ရက်နေ့ တနေ့တည်း ကမ္ဘာတဝန်း လူနာအသစ် ၁၈,၃၀၀၀ ကျော် စံချိန်တင် တွေ့ခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။