စမောလင်းကို ၁ ရာသီ အငှားထပ်ခေါ်ရန် ရိုးမားနှင့် မန်ယူ သဘောတူညီမူရ

783
အီတလီကလပ် ရိုးမားအသင်းဟာ နောက်ခံလူ စမောလင်းကို နောက်ထပ်တစ်ရာသီ အငှားခေါ်ယူဖို့ သဘောတူညီမူ ရရှိထားတယ်လို့ သိရပါတယ်။
မန်ယူနောက်ခံလူ စမောလင်းဟာ မက်ဂွိုင်းယား ပြောင်းရွှေ့လာပြီးနောက် အီတလီကလပ် ရိုးမားအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာပါ။
ရိုးမားအသင်းဟာ လာမယ့် ၂၀၂၀-၂၀၂၁ ရာသီပြီးဆုံးချိန်မှာတော့ ပေါင် ၁၅ သန်းလောက်နဲ့ စမောလင်းကို အပြီးသတ် ခေါ်ယူနိုင်မယ်လို့ ဆိုပါတယ်။
အသက် ၃၀ အရွယ် အင်္ဂလန် နောက်ခံလူ စမောလင်းဟာ အခုနှစ်ရာသီမှာ ရိုးမားအသင်းအတွက် စုစုပေါင်း ၂၈ ပွဲ ကစားပေးထားပြီး ၂ ဂိုး သွင်းယူထားပါတယ်။