A d v e r t i s e m e n t With Us

ပီအက်စ်ဂျီအသင်း လက်ကျန်ပွဲစဉ်များတွင် ကာဗာနီနှင့် မူနီယာတို့ မပါဝင်

ပီအက်စ်ဂျီ ကစားသမားတွေဖြစ်တဲ့ ကာဗာနီနဲ့ မူနီယာတို့ဟာ အသင်းရဲ့ လက်ကျန်ပွဲစဉ်တွေမှာ ပါဝင်ကစားတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။  တိုက်စစ်မှူး ကာဗာနီဟာ ဇွန်လအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်သလို နောက်ခံလူ မူနီယာဟာလည်း ဇွန်လအကုန်မှာပဲ စာချုပ်သက်တမ်းပြည့်မှာဖြစ်ပါတယ်။  အသင်းဘက်က ရာသီကုန်အထိ  ၂ လ သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားတွေဘက်က လက်မခံခဲ့ဘူးလို့ သိရပါတယ်။  ဒါကြောင့် လိဂ်ဖလားဗိုလ်လုပွဲတွေနဲ့ ချန်ပီယံလိဂ် ပွဲစဉ်‌တွေမှာ ကာဗာနီနဲ့ မြေနီယာတို့ ပါဝင်ကစားတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။  အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ တိုက်စစ်မှူး ကာဗာနီကို နောက်ထပ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုမှာမဟုတ်ကြောင်း အသင်းအားကစားဒါရိုက်တာ လီယိုနာဒိုက ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up