အမေရိကန်တွင် သေနတ်ပစ်မှုကြောင့် ၁ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

484
အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ မီနီယာပိုလစ်မြို့မှာ ဇွန်လ ၂၁ ရက်က သေနတ်ပစ်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရတယ်လို့ ရဲက တရားဝင်တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။
သေနတ်ဒဏ်ရာရ လူ ၁၁ ယောက်ကို ဒေသန္တရဆေးရုံတွေဆီ ပို့ထားပြီး အသက်ဘေး မစိုးရိမ်ရဘူးလို့ မီနီယာပိုလစ်စ်ရဲတွေက တွစ်တာကတဆင့် ပြောပါတယ်။
ပစ်ခတ်မှုအပြီး စတိုးဆိုင် ပြတင်းပေါက်တွေ ပျက်စီးအပြီး အခင်းဖြစ်ရာကို ရဲကားတွေ အတော်များများ ရောက်လာတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။