သီးနှံပြည်ပတင်ပို့သည့် Vicentin ကို သိမ်းယူမည့်သမ္မတအဆို အာဂျင်တီးနားပြသူများ ဆန္ဒပြ

အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူးနော့အေးရီးစီမှာ ရာနဲ့ချီတဲ့ လူတွေ ဇွန်လ ၂၀က ချီတက်ရင်း စိုက်ပျိုးသီးနှံ ပြည်ပတင်ပို့တဲ့ Vicentin ကို သိမ်းယူရေး သမ္မတရဲ့အဆိုပြုချက်ကို ဆန့်ကျင်ပယ်ချ ဆန္ဒပြခဲ့ကြပါတယ်။  ယာဉ်ကြောကန့်သတ်ချက်တွေကို အာခံရင်း ရာချီတဲ့ကားတွေဟာ ဗျူးနော့စ်အေးရီးစ်ရဲ့ အဓိက မြို့လယ်ရိပ်သာလမ်းကို ပိတ်ဆို့ထားကြပါတယ်။  အာဂျင်တီးနားရဲ့ ပဲပုပ်စေ့ ထုတ်ကုန်တွေနဲ့ ပဲပုပ်ဆီတွေ ပြည်ပတင်ပို့ရာမှာ ထိပ်တန်းဖြစ်သူ သက်တမ်း ၁၀၀ နီးပါးရှိတဲ့ Vicentin အား ကယ်ဖို့ အစီအစဉ်တရပ်ကို သမ္မတက ဇွန်လ ၈ ရက်မှာ ကြေညာခဲ့တာပါ။  ဥရောပကနေ အရှေ့တောင် အာရှထိ ဝက်ပေါက်တွေနဲ့ ကြက်ဘဲတွေ ဝဖြိုးအောင် သုံးတဲ့ တိရစ္ဆာန်အစားအစာ ပဲပုပ်ကို ဖြန့်ဖြူးရာမှာ အာဂျင်တီးနားဟာ ကမ္ဘာ့ထိပ်တန်း တနိုင်ငံပါ။ Vicentin  ဟာ မနှစ်က အကြွေးယူပြီး လုပ်ငန်းတိုးချဲ့ရာက ပြိုလဲခဲ့တာပါ။ စန်တာဖေးပြည်နယ်က ပဲပုပ်စေ့ ကြိတ်ခွဲစက်ရုံ ရေနိုဗာမှာ ရင်းနှီးမြှုပ်နှံငွေ ၃၃ ရာခိုင်နှုန်း ရှိထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up