A d v e r t i s e m e n t With Us

စပိန်တွင် အရေးပေါ်ကြေညာချက် ပြန်ရုပ်သိမ်းမည်

စပိန်နိုင်ငံ မက်ဒရစ်မြို့တော်မှာ မတ် ၁၄ ရက်ကတည်းက ချမှတ်ထားတဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကို ဇွန် ၂၁ ရက်မှာ  ပြန်ရုပ်သိမ်းတော့မှာပါ။  ဒါဟာ လူတော်တော်များများအတွက် မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ပြန်တွေ့ဖို့ အခွင့်အရေး ဖြစ်ပြီး တချို့အတွက်ကတော့ စီးပွားရေးလုပ်ငန်းတွေ ပြန်စနိုင်မယ့် အနေအထား ဖြစ်ပါတယ်။ စပိန်ဟာ အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီးတာနဲ့ ပြည်သူတွေကို တိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုမှာဖြစ်သလို ဥရောပခရီးသွားလုပ်ငန်းအတွက် နယ်စပ်တွေကိုလည်း ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်။  စပိန်ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ စပိန်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ  ၂၈,၃၁၃ ဦး ရှိထားပါတယ်။  စပိန်ကိုရောက်လာတဲ့သူတိုင်းကို ကိုယ်အပူချိန် စစ်ဆေးတာ၊ သူတို့မှာ ဗိုင်းရပ်စ်ကူးစက်ခံ ထား၊ မထား သတင်းအချက်အလက် တင်သွင်းတာတွေနဲ့ ကူးစက်ခံထားရရင် နောက်ထပ်ဆေးစစ်မှုတွေလုပ်တာ၊ စပိန်နိုင်ငံထဲ သူတို့ ဘယ်နေရာတွေမှာ ရှိမယ်ဆိုတာတွေကို တင်ပြခိုင်းမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up