Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၈၉၆ ခုကို စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ လူနာသစ်မတွေ့
DVB
·
June 21, 2020
ဇွန် ၂၀ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၈၉၆ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ လူနာသစ်မတွေ့ရှိဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီမနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၈၅၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၄၅ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၈၉၆ ခုအား စစ်ဆေးခဲ့တာပါ။ မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၃၄၆ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာတော့  ထိုင်းနိုင်ငံက ပြန်လာတဲ့ လူနာသစ် ၁ ဦး တွေ့ရှိခဲ့ပါတယ်။ လူနာသစ်အမှတ် ၂၈၇ ဟာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်က အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး မော်လမြိုင်မြို့မှာ အသွားအလာကန့်သတ် Quarantine ထားရှိခံနေရသူ ဖြစ်ပြီး မော်လမြိုင် ပြည်သူ့ဆေးရုံမှာ ကုသထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဇွန်လ ၂၁ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၂၈၇ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါပိုးကင်းစင်လာသူ ၁၉၆ ဦးရှိပြီး ဒီအထဲက  ၁၇၇ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၆ သောင်းကျော်နဲ့ ရောဂါသက်သာ ပျောက်ကင်းသူ ၄ ဒသမ ၇ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024