
Lead Story နိုင်ငံတကာ ဝူဟန် ကိုရိုနာဗိုင်းရပ်စ် သတင်း အားကစား
ကပ်ရောဂါကြောင့် ချန်ပီယံမဖြစ်မှာကို စိုးရိမ်ခဲ့ဟု လီဗာပူးနည်းပြဝန်ခံ
Email This Story :
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်မှာကို စိုးရိမ်ခဲ့ရတယ်လို့ လီဗာပူး နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၂၂ မှတ်အထိဖြတ်ထားပြီး နောက်ထပ် ၂ ပွဲအနိုင်ရရုံနဲ့ ချန်ပီယံဖြစ်ဖို့သေချာမှာပါ။
ချန်ပီယံမဖြစ်မှာကို ခဏတာ စိုးရိမ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စိုးရိမ်မှုမရှိတော့ဘဲ ကပ်ရောဂါကာလအတွင်းမှာ ဆုဖလားရဖို့က အဓိကအရေးမကြီးတော့တာကြောင့် ဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လိဂ်ပြိုင်ပွဲ ဖျက်သိမ်းဖို့ ဝက်စ်ဟမ်းအသင်း ဒုတိယဥက္ကဋ္ဌက အဆိုပြုခဲ့ဖူးပါတယ်။
ချန်ပီယံဖြစ်ဖို့ ၆ မှတ်သာလိုအပ်တော့ပေမယ့်လည်း လာမယ့် ရက်သတ္တပတ်တွေက ခက်ခဲမယ်လို့လည်း နည်းပြ ကလော့ပ်က သုံးသပ်ပါတယ်။
လီဗာပူးအသင်းဟာ တနင်္လာနေ့နဲ့ ကြာသာပတေး မနက်အစောပိုင်းတွေမှာ အဲဗာတန်၊ ခရစ္စတယ်ပဲ လေ့အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။