Home
မြန်မာသတင်း
ငွေကြေးထောက်ပံ့ပေးမည့်စာရင်းတွင် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေက ပြည်သူများလည်းပါဝင်
DVB
·
June 19, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလ အခက်အခဲတွေ့နေတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက  ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ပေးဖို့ စာရင်းပြုစုပြီးစီးသွားပြီး မွန်ပြည်သစ်ထိန်းချုပ်နယ်မြေက ပြည်သူတွေကိုပါ ထည့်သွင်းပေးထားတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။  မွန်ပြည်နယ်မှာတော့ အခြေခံလူတန်းစာတွေကို ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ပေးဖို့ ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်က စပြီး စာရင်းပြုစုနေတာပါ။ စာရင်းတွေအရ ဒုတိယအကြိမ် ငွေကြေးထောက်ပံ့မယ့် အစီအစဉ်မှာ အရင်ထက် အိမ်ထောင်စု ၇၀၀၀၀ ကျော် တပ်တိုးလာပါတယ်။ ဒီစာရင်းထဲမှာတော့ မွန်ပြည်သစ်ပါတီ လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေက အခြေခံလူတန်းစားတွေကိုပါ  ထည့်သွင်းပေးထားတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ   ဦးမြင့်သန်းဝင်းက ပြောပါတယ်။ ပြုစုထားတဲ့ စာရင်းတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ပေးပို့ထားပြီး ကော်မတီက ညွှန်ကြားလာတာနဲ့ ငွေကြေး ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ မွန်ပြည်သစ် ထိန်းချုပ်နယ်မြေက ပြည်သူတွေမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာတဲ့အတွက်ကြောင့် အိမ်ထောင်စု ၃၅၀၀ အတွက် ငွေကြေးထောက်ပံ့ပေးဖို့ အစိုးရဆီမှာ အကူအညီတောင်းခံထားတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်ဗညားလယ်က ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစား အိမ်ထောင်စု ၄၀၀၀၀ ကျော်ကို တန်ဖိုး ကျပ် ၂၀၀၀၀ နီးပါးရှိ ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ပဲ ၁ ပိဿာ အပါအဝင် အခြေခံစားသောက်ကုန် ၅ မျိုး ထောက်ပံ့ပေးထားပါတယ်။ ဇော်လွင်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024