မိုင်းတွမ်း တောင်ပေါ်ကျေးရွာအုပ်စုတွင် ကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း တောင်ပေါ်ကျေးရွာအုပ်စု၊ ပူနားကိုရွာ တောင်ယာတဲအနီးမှာ ဇွန် ၁၈ ရက်မနက် ၉ နာရီကျော်က ကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ လက်နက်ခဲယမ်းတွေကို တပ်မတော်နဲ့ ပူးပေါင်းစစ်ကြောင်းက ပိုင်ရှင်မဲ့ ဖမ်းဆီးမိ ပါတယ်။ နယ်မြေခံ တပ်မတော်သားတစ်ဦးက "တောင်ယာတဲနဲ့ အနီးဝန်းကျင် ချုံပုတ်ထဲဝှက်ထားတဲ့ ဆာလာအိတ် ၆ အိတ်နဲ့ ရေခဲပုံး ၁ လုံးကို စတင်တွေ့ရှိရာကနေ သိမ်းဆည်းရမိခဲ့တာပါ'' လို့ ပြောပါတယ်။ WY တံဆိပ်ပါ ပန်းရောင်စိတ်ကြွဆေးပြား ၃၃၉၀၀၀ နဲ့ WY တံဆိပ်ပါ အစိမ်းရောင် စိတ်ကြွဆေးပြား ၅၅၀၀ ပြာ၊ စပွန်ဆာ ပုလင်းထဲ တည့်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့  အဖြူရောင်အမှုန့် ဝဒသမ ၃၅ ကီလိုဂရမ်၊ ပစ္စတိုသေနတ်နဲ့ ကျည်တွေ၊ မူးယစ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းမျိုးစုံ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း ၅၂၀၀ ကို သိမ်းဆည်းရမိခဲ့တာပါ။ သိမ်းဆည်းမိတဲ့အထဲမှာ  ၁၂ ဗို့ ကျည် ၆၉ တောင့်၊ ကျည်အိမ် ၁ ခု၊ ၅.၅၆ ကျည် ၈၄ တောင့်၊ ၉မမ ကျည် ၅၀ တောင့် မြောင် တံဆိပ်ပါအနံ့ဆေးရည် အလုံး ၂၀ လုံး၊ တံဆိပ်တုံး မျိုးစုံ ၃၇ ခု၊ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းမျိုးစုံလည်း ပါဝင်ပါတယ်။ အဆိုပါ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းက  အမှုဖွင့်  စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း- အောင်ဇေယျ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up