Live
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ ကျပ်တန်များ အာဇာနည်နေ့ ထုတ်ဝေမည်
DVB
·
June 19, 2020
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံပါတဲ့ ၅၀၀ ကျပ်တန်ငွေစက္ကူတွေကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့မှာ စတင်ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာလိုက်ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူအရွယ်အစားမှာ အလျား ၁၅၀၊ မီလီမီတာ အနံ  ၇၀ မီလီမီတာရှိမှာ ဖြစ်ပါတယ်။  ငွေစက္ကူဟာ ပေါ်လွင်သော နီညိုရောင်ရှိပြီး အပေါ်ဘက်မှာ "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတန်း ရိုက်နှိပ်ထားမှာ ဖြစ်ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ ကျပ်တန်အသစ်တွေ ထွက်ရှိလာမှာ ဖြစ်သလို လက်ရှိသုံးစွဲနေတဲ့ ၅၀၀ ကျပ်တန် ငွေစက္ကူတွေကလည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံနဲ့ ငွေစက္ကူပုံစံသစ် အမျိုးမျိုးကို ထုတ်ဝေဖို့ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။ ဓာတ်ပုံ-MOI

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024