ထိုင်းနှင့်မလေးရှားက ပြန်လာသူ ၂၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ဇွန် ၁၈ ရက်နေ့အတွက် ဓာတ်ခွဲနမူ ၂,၄၂၂ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ထိုင်းနဲ့ မလေးရှားက ပြန်လာသူ ကိုဗစ်-၁၉  အတည်ပြုလူနာသစ် ၂၃ ဦးအထိ စံချိန်တင် တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၃၂၇ ခု၊  ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၄၀ ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ ၂၀၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) က ဓာတ်ခွဲနမူနာ ၃၇၀ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၈၂ ခု၊ စုစုပေါင်း ၂,၄၂၂ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၂၃ ဦး တွေ့ရှိခဲ့တာပါ။ အခုတွေ့ရှိတဲ့ လူနာသစ် ၂၃ ဦးဟာ မလေးရှားက ပြန်လာသူ ၄ ဦးနဲ့ ထိုင်းက ပြန်လာသူ ၁၉ ဦးတို့ဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ လူနာသစ် ၂၃ ဦးလုံးဟာ ကရင်ပြည်နယ် ဘားအံမြို့မှာ အသွားအလာကန့်သတ် စောင့်ကြည့်ထားသူတွေဖြစ်ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက လူနာအမှတ် ၁၃၃ နဲ့ ၂၃၁ တို့မှာ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတာကြောင့်  ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၈၇ ဦးရှိပါတယ်။ အဲဒီထဲက ၁၇၂ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up