A d v e r t i s e m e n t With Us

အာဆီယံဒေသတွင်း အင်ဒိုနီးရှားက ကိုဗစ်-၁၉ ကူးစက်မှု အမြင့်ဆုံးနိုင်ငံဖြစ်လာ

နိုင်ငံတဝှမ်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၁,၄၃၁ ယောက်၊ သေဆုံး သူ ၂,၂၇၆ ယောက်ရှိပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဒေသတွင်းနိုင်ငံတွေထဲ ကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ သူ့နောက်မှာတော့ စင်ကာပူနိုင်ငံက ရောဂါကူးစက်ခံရသူ  ၄၁,၂၁၆ ယောက်၊ သေဆုံးသူ ၂၆ ယောက်နဲ့ ရှိနေပြီး အာရှနိုင်ငံတွေထဲမှာ အဆင့် ၁၀ နဲ့ ၁၁ နေရာတွေမှာ ဆက် တိုက်ရပ်တည်နေပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံက တရက်အတွင်း ရောဂါကူးစက်သူအသစ် ၁,၀၃၁ ယောက် တွေ့ရှိခဲ့ပြီးနောက် စင်ကာပူနိုင်ငံကို ဖြတ်ကျော်သွားခဲ့တာလို့ စင်ကာ ပူကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် အာချ်မက် ယူရီယန်တိုက ရောဂါကူးစက်ပြန့်ပွားမှုဟာ ခရိုင် ၅ ခုမှာ ဖြစ်နေဆဲဖြစ်ပြီး ရောဂါကူးစက်မှုအသစ်အနေနဲ့ အရှေ့ဂျာဗားမှာ ၂၂၅ ယောက်၊ ဂျကာတာမှာ ၁၂၇ ယောက်၊ ဂျာဗားအလယ်ပိုင်းမှာ ၁၁၅ ယောက်၊ တောင်ကလီမန်တန်မှာ ၈၆ ယောက်နဲ့ ဆူလာဝေစီတောင်ပိုင်းမှာ ၈၄ ယောက် အသီးသီး တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံ  ၂ နိုင်ငံနောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၇,၂၃၈ ယောက်၊ သေဆုံးသူ ၁,၁၀၈ ယောက်နဲ့ အာရှ်ဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။ အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈,၅၁၅ ယောက်၊ သေဆုံးသူ ၁၂၁ ယောက်၊ ထိုင်းနိုင်ငံက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၁၄၁ ယောက်၊ သေဆုံးသူ ၅၈ ယောက်၊ မြန်မာနိုင်ငံက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၃ ယောက်၊ သေဆုံးသူ ၆ ယောက်၊ ဘရူနိုင်းနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၁၄၁ ယောက်၊ သေဆုံးသူ ၃ ယောက်တို့နဲ့ အသီးသီး ရပ်တည်နေပါတယ်။ အာဆီယံနိုင်ငံတွေထဲက ဗီယက်နမ်နိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရေအတွက်ဟာ မြန်မာနိုင်ငံထက် ပိုများပြီး ၃၃၅ ယောက်ထိ ရှိနေပေမယ့် သေဆုံးသူ မရှိ သေးပါဘူး။ ကျန်တဲ့ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှာတော့ သေဆုံး သူမရှိဘဲ ရောဂါကူးစက်မှု ၁၂၉ ယောက်၊ ၁၉ ယောက်စီနဲ့ ကူးစက်မှုအနည်းဆုံး နိုင်ငံတွေအဖြစ် ရပ်တည်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up