ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ကို ၂ ပတ်ကြာ လော့ဒေါင်းချ

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လူဦးရေထူထပ်တဲ့  လာဟိုးမြို့ နေရာတချို့ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ဖို့အတွက်  ဇွန်  ၁၇ ရက်ကစပြီး နောက်သီတင်းနှစ်ပတ်အထိ လော့ဒေါင်းချလိုက်ပါတယ်။  ပါကစ္စတန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ ဇူလိုင်လကုန်မှာ ၈ ဆအထိ များပြားလာနိုင်ပြီး လူဦးရေ ၁ ဒသမ ၂ သန်းအထိ ကူးစက်နိုင်တယ်လို့ ဖက်ဒရယ်အစိုးရက ပြောထားပါတယ်။   ဒါကြောင့် ဇွန် ၁၆ ရက် သန်းခေါင်ယံကစပြီး လော့ဒေါင်းချထားတဲ့ မြို့နေရာ အဝင် အထွက်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေကို ချထားပါတယ်။ လော့ဒေါင်းကာလအတွင်း မရှိမဖြစ်ပစ္စည်းတွေကို ပြည်သူတွေရရှိစေဖို့နဲ့ ဆေးရုံ ဆေးခန်းတွေ သွားလာခွင့်ရစေဖို့ ပါကစ္စတန်အစိုးရက ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်။ စီးပွားရေး အထိနာတာကို အကြောင်းပြပြီး မေ ၉ ရက်က နိုင်ငံတဝန်း လော့ဒေါင်း ရုပ်သိမ်းခဲ့ပြီးနောက် လူ ၁၀ ဦးမှာ တစ်ဦး ကူးစက်ရာကနေ လူ ၅ ဦးမှာ တစ်ဦးနှုန်း ကူးစက်မှု မြင့်တက်လာခဲ့ပါတယ်။    လက်ရှိ ပါကစ္စတန်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သူ တစ်သိန်းခွဲကျော်ရှိပြီး  သေဆုံးသူက ၃၀၀၀ နီးပါး ရှိနေတယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up